အစားအသောက်

ကိုးရီးယားစတိုင်လ် ထမင်းလုံး

May 27, 2017 ရောင်ပြန်လေး 0 Comments

A8wgw3eotqvmdaokc0f0

အဆာပြေပဲစားစား၊ နေ့လည်စာ ညစာအနေနဲ့ပဲစားစား အရသာရှိတဲ့ ထမင်းလုံးပြုလုပ်နည်းလေးပါ။ အားလပ်ရက် ပျော်ပွဲစားထွက်တဲ့အခါမှာလည်း အလွယ်တကူလုပ်ပြီး ယူဆောင်သွားလို့ ရပါတယ်နော်။
ပါဝင်သောပစ္စည်းများ - ချက်ပြီးသား ထမင်း (၂)ခွက်၊ ဝက်ပေါက်ခြောက် (သို့) အသားပြား(သို့) ဝက်အူချောင်း (၄၀)ဂရမ်၊ ကြက်သွန်နီ (၄၀)ဂရမ်၊ မုန်လာဥနီ (၄၀)ဂရမ်၊ နှမ်းဆီ၊ နှမ်းစေ့၊ ကြက်သွန်မြိတ်၊ ကြက်သားမှုန့်နဲ့ ဆားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ဝက်ပေါင်ခြောက်၊ ကြက်သွန်နီ၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ်များကို အတုံးသေးလေးတွေ တုံးပါ။
(၂) ပန်းကန်ကြီးတစ်လုံးထဲမှာ ထမင်း၊ ကြက်သားမှုန့်၊ နှမ်းဆီနဲ့ နှမ်းစေ့များထည့်ပြီး သမအောင် မွှေထားပါ။
(၃) ဒယ်ပြားထဲ ဆီစားပွဲတင်ဇွန်း(၂)ဇွန်းခန့်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် မုန်လာဥနီနဲ့ အသားပြားများ ထည့်ကြော်ပါ။ နောက်ကြက်သွန်မြိတ်လည်း ထည့်ကြော်ပါ။
(၄) ပြီးလျှင် ကြော်ထားတဲ့ အသားနဲ့ အသီးအရွက်များကို ထမင်းထည့်ထားတဲ့ ပန်းကန်ထဲထည့်ပြီး သမအောင် မွှေပါ။
(၅) လက်အိတ်စွပ်ပြီး ဘောလုံးပုံအလုံးလေးတွေ ဖြစ်အောင် လုံးပါ။
(၆) နောက်ပန်းကန်တစ်ချပ်ထဲထည့်ပြီး စားသုံးလို့ရပါပြီ။

Ref: mykoreanfood.com 

0 comments: