ကျန်းမာရေး
အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင် Peptic Ulcerဆိုသည်မှာ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိက အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်..အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသားသော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..
အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့ ပက်ပ်ဆင်
(Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး (Mucosa) တွေဟာ ပုံမှန်အား
ဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်းတစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်း
လာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေးကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်.. အ
နာ ဖြစ်စေတဲ့ အဓိက အကြောင်း(၂)ချက် ကတော့
အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်းတို့ ဖြစ်ပါတယ်..
H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်ကြောင်း WHO
မှ ခန့်မှန်း ထားပါတယ်.. H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း (Gastritis) ဖြစ်သူများရဲ့ ၉၀%
ဟာ ဘာလက္ခဏာမှ မပြပဲ ရှိနေပါတယ်.. Duodenal Ulcer ရှိသူများ၏ ၉၅% ၊ Gastric Ulcer ရှိသူများ၏
၈၀% သည် H.pylori ပိုး ကူးစက်ခံ ထားရပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်.. H.pylori ပိုးဟာသွေးနွေး သ
တ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ် အစာအိမ် ထဲမှာ ရှင်သန်နေ
ထိုင် ပေါက်ဖွား ကြ ပါတယ်..ကူးစက်နည်း ကတော့ မစင်မှ အစားအစာ၊ ရေ ကနေ တစ်ဆင့် ကူးစက်ပါ
တယ်..
နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲ ပျောက်ဆေး
ကို တာရှည်စွာ သုံးစွဲ ခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာ တတ်ပါတယ်.. Diclofenac, Ibuprofen,
Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic Ulcer) ဖြစ်စေပါတယ်..Acetamino-
phen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်ပေါ်စေပါ..
ဆေးလိပ် သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမက ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများကို
လည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင် ဆေးကုသမှု ကိုလည်း ကြန့်ကြာစေပါတယ်..စိတ်ဖိစီးမှု
(Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ် ရောဂါ ဖြစ်စေတယ်လို့ အရင်က ယူဆခဲ့သော်
လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်..
ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်းများသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာ လာတတ်ပါတယ်..ရင်ပူရင်ကယ်ဖြစ်ခြင်း
လေထလေတက်ခြင်း (bloating & belching)အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်းအော့အန်ခြင်း၊ သွေးအန်ခြင်း(Hematemesis)၊ ဝမ်းအမဲသွားခြင်း(Melaena)တို့ ဖြစ်ပါတယ်..
ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်များအစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာ ရှိမရှိ သိနိုင်ပါတယ်..H.pylori ပိုးရှိမရှိ စမ်းသပ်ရန်အစာအိမ်ကြည့် မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာ ကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်Urea Breath Test ၊ သွေး နှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်..
ဆေးကုသမှု အပိုင်းတွင် ဆရာဝန် ညွှန်ကြားသော ဆေးကိုအတိအကျ လိုက်နာ သောက်သုံးရန် လိုအပ်
သလို လူနာ အပိုင်းမှလည်း ရှောင်ကြဉ် စရာများကို လိုက်နာဖို့ လိုအပ်ပါတယ်.. အစာအိမ်နာ ရှိသူသည်
ဆေးလိပ် လုံးဝ (လုံးဝ) ဖြတ်ရန်အစပ်စာ၊ ကော်ဖီ၊ အရက် ရှောင်ရန်အကိုက်အခဲ ပျောက်ဆေး လုံးဝ ရှောင်ကြဉ်ပြီး အစာအိမ် မထိခိုက်သော အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရန်အနာကျက်စေရန်H2 Receptor Antagonist ဆေးများ၊ ဥပမာ- Cimetidine , RanitidineProton Pump Inhibitor ဆေးများ၊ ဥပမာ-Omeprazole , Lansoprazole တို့ကို သောက်နိုင်ပါတယ်..အများစု မှာ H.pylori ပိုး ကူးစက်ခံရမှု ရှိသဖြင့် H.pylori ပိုး ရှင်းလင်းသုတ်သင် ဖို့
ဆေး(၃)မျိုးကို တစ်နေ့ ၂ ကြိမ် ၁၀ ရက် မှ ၁၄ ရက်ထိ သောက်ရန် လိုအပ်ပါတယ်..
Omeprazole 20 mg (or) Lansoprazole 30 mg twice daily
Metronidazole 500 mg (or) Amoxicillin 1 g (1000 mg) twice daily
Clarithromycin 500 mg twice daily
ဒီဆေးများကို သောက်ပြီးနောက် Omeprazole (or) Lansoprazole ကို အနာ လုံးဝ ပျောက်ကင်း
အောင်အတွက် (၄)ပတ် မှ (၆)ပတ်ထိ ဆက်သောက်ရန် လိုအပ်ပါတယ်..
ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
အစာအိမ် သွေးယိုခြင်းအစာအိမ်ပေါက်ခြင်းအစာအိမ် အထွက်ပိတ်ခြင်း (Gastric Outlet Obstruction - GOO)Duodenal Ulcer အနာကျက်ပြီးနောက် အူသိမ်ဦး ကျဉ်းပြီး အစာအိမ် ထွက်ပေါက် ပိတ်သွားတတ်ပါတယ်.. ဒီရောဂါ ဖြစ်ရင် နေ့စဉ် အန်တတ်ခြင်း၊ အရည်ခန်းခြောက်မှု ရှိခြင်း (Dehydration) တို့ ဖြစ်ပေါ်လာပါတယ်..
အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)

- အစာအိမ်နာ ရောဂါ လက္ခဏာများမှာ

- ဆေးကုသမှု

Poker Room Casino & Racetrack | NJMGM Casino
ReplyDeletePoker Room Casino titanium tubing & Racetrack offers 춘천 출장안마 a live video poker game for your mobile device. Play with 상주 출장안마 up to $1,000 or 안산 출장샵 $600 울산광역 출장안마 in free chips!