ကျန်းမာရေး,

မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့ အာလူးကို ဒီလိုသုံးမယ်

May 28, 2017 ရောင်ပြန်လေး 0 Comments


ဒီနေ့မှာတော့ မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အာလူးကို အသုံးပြုနည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေမို့လို့ ဘေးထွက်ဆိုးကျိုးဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။

၁။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီး



  • ပါဝင်ပစ္စည်း


  1. အာလူး ၁ လုံး
  2. သံပုရာသီး တစ်ခြမ်း (သို့) သံပုရာသီး ၁လုံး


  • ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

အရင်ဆုံး အာလူးကိုသေချာဆေး အခွံနွှာပြီး ကျိတ်လိုက်ပါ။ ပြီးရင် သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပါ။ ပြီးရင် သေချာရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီးတို့မှာ သဘာဝတိုင်း အသားအရေဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသားအရေကို ကြည်လင် သန့်စင်စေပါတယ်။


  • အာလူးနဲ့ သခွားသီး

Cucumber Potato Skincare


  • ပါဝင်ပစ္စည်း


  1. သခွားသီးတစ်ခြမ်း
  2. အာလူး ၁ လုံး


  • ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

ပါဝင်ပစ္စည်း၂ခုကို သေချာရေဆေး အခွံနွှာပြီး ဖျော်စက်ထဲထည့်ပြီး သေချာကျိတ်ပေးပါ။ ပြီးရင် တော့မျက်နှာပေါ်မှာ သေချာလိမ်းပေးပါ။ ၂၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။


  • အာလူးနဲ့ မုန်လာဥနီ



  • ပါဝင်ပစ္စည်း
  1. မုန်လာဥနီ တစ်ခြမ်း
  2. အာလူး ၁ လုံး
  • ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း
ပါဝင်ပစ္စည်းနှစ်ခုကို သေချာရေဆေးပြီး ဖျော်စက်ထဲထည့်ကာ ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်သေချာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

0 comments: