ဖက်ရှင်
ခေါင်းမလျှော်ထားပေမယ့်လဲ အလွယ်တကူပြင်နိုင်တဲ့ ပျိုမေတို့်အတွက် ဆံပင်စတိုင်များ
မိန်းကလေးတွေအတွက် ခေါင်းမလျှော်ထားတဲ့အချိန်မှာ ဆံပင်ဟာ ခြောက်ကပ်ကပ်ဖြစ်နေတာမျိုး၊ ဆီများပြီး အဆင်မပြေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် အောက်မှာဖော်ပြထားတဲ့ ဆံပင်စတိုင်လှလှလေးတွေနဲ့ စိတ်တိုင်းကျလှနိုင်တယ်နော်။

၁။ ရိုးရိုးရှင်းရှင်းနဲ့လှတဲ့ ဆံပင်တစ်ဝက်စီးထားတဲ့စတိုင်
ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးလှစေမယ့်ပုံဖြစ်ပါတယ်။

၂။ ဆံပင်တစ်ဝက်ခွဲပြီး ကျစ်ဆံမြီးပြန်ပတ်စီးထားတဲ့စတိုင်
ရိုးရိုးလေးနဲ့ဆန်းစေမယ့် ဆံပင်ပုံစံ

၃။ ဆံပင်တစ်ဝက်ထုံး တစ်ဝက်ချစတိုင်
ဒါကတော့ ဆံပင်ပွပွပုံစံလေးနဲ့ လူတကာပြန်ငေးကြည့်စေမယ့်စတိုင်ဖြစ်ပါတယ်။

၎။ ဘေးဘက်ချကျစ်ဆံမြီးစတိုင်
ဒါကတော့ ဆံပင်ဆိုးထားတဲ့သူတွေနဲ့ အထူးလိုက်ဖက်တဲ့ပုံစံတစ်မျိုးဖြစ်ပါတယ်။

၅။ ဆံပင်အတွင်းဘက်ထုံးပြီး စည်းထားတဲ့စတိုင်
ဒါလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ဂန္ထဝင်ဆန်ဆန်လှနိုင်မယ့် စတိုင်ပဲဖြစ်ပါတယ်။

၆။ ရှုပ်ရှုပ်ပွပွပုံစံအထုံးလေး
ဒီပုံစံဟာ မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်ပဲဖြစ်ပါတယ်။

၇။ ရှုပ်ရှုပ်ပွပွအမြင့်ထုံး
ဘေးမှာကျစ်ဆံမြီးကျစ်ပြီး ဆံပင်အမြင့်ထုံးလိုက်တဲ့အခါမှာတော့ သူများနဲ့မတူဘဲ ထူးခြားတဲ့ဆံပင်ပုံစံလေးဖြစ်သွားပါတယ်။

၈။ ခေါင်းနောက် ကျစ်ဆံမြီးအစည်း
ဆံပင်ဂုတ်နားအရှည်ရှိတဲ့ မိန်းကလေးတွေနဲ့အင်မတန်လှတဲ့ပုံစံလေးဖြစ်ပါတယ်။
Source : scoopwhoop

0 comments: