လူနေမှု့ဘဝ

ကိုယ်​နဲ့စကား​ပြော​နေတဲ့လူဟာ ဘယ်​လိုလူအမျိုးအစားလဲ ?? သင်ရော ဘယ်အမျိုးအစားထဲမှာ ပါလဲ..?

May 23, 2017 ရောင်ပြန်လေး 0 Comments



ကျွဲလိုလူ ➳ စကား​ပြောရင်​ ခတ်​ခတ်​ပြီး​ပြောတယ်​။

ဆင်​လိုလူ ➳ ဘုန်းကြီး၊ ဆရာသမား၊ မိဘ၊ ဘိုးဘွား စသည်​တို့ဟာ အင်​အားကြီးသူဖြစ်​တယ်​၊ သူတို့နဲ့စကား​ပြောရင်​ ထိပ်​တိုက်​ ရင်​ဆိုင်​လို့မရဘူး။ ဆင်​လိုက်​လို့ တည့်​​ပြေးရင်​လည်း ​သေဖို့သာပြင်​​တော့၊ အင်​အားကြီးသူကို ​ဝေ့ဝိုက်​ပြီး​ပြောရတယ်​။

ဖြူလိုလူ ➳ ​ကောင်း​ကောင်းဆိုးဆိုး အကုန်​ခါထုတ်​တတ်​တဲ့ အကျင့်​ရှိတယ်​၊ သူ့မှာမိတ်​​ဆွေ​ကောင်း မရှိဘူး။

မျောက်​လိုလူ ➳ စကား​ပြောရင်​ ​ခြေမငြိမ်​၊ လက်​မငြိမ်​၊ လူ​လေးစားမှု မရှိဘူး။

ကြက်​ဆင်​လိုလူ ➳ ဘာဖြစ်​ဖြစ်​ သူအကုန်​သိပြီးသား၊ ဦးအကုန်​သိ၊ ​ဒေါ်အကုန်​သိလူမျိုး၊ ဘယ်​​တော့မှ စီးပွားမဖြစ်​ဘူး။

ငှက်​ကုလားအုတ်​လိုလူ ➳ ​ကောင်းတာ​ပြော​ပြော ဆိုးတာ​ပြော​ပြော နားမ​ထောင်​ဘူး၊ ထွက်​​ပြေးတယ်​၊ သူ့မှာ ဘယ်​လိုလူမှ မိတ်​​ဆွေ​ကောင်းမရှိဘူး။

ခွေးလိုလူ ➳ ​ကောင်းတာပဲ​ပြော​ပြော ဆိုးတာပဲ​ပြော​ပြော ပါးစပ်​ကြီးဟပြီး ​ငေး​နေမယ်​။ သူ့နားထဲ၊ သူ့ဦး​နှောက်​ထဲကို တစ်​လုံးမှမဝင်​ဘူး။ ဘဝတစ်​​လျှောက်​လုံးအဓိပ္ပါယ်​မဲ့​နေတတ်​တယ်​။

ခြ​င်္သေ့လိုလူ ➳ ငြိမ်​​နေတယ်​၊ ​ချောင်း​နေတယ်​၊ မပိုင်​ရင်​ ခုန်​မအုပ်​ဘူး၊ အကွက်​​ချောင်းပြီး ခုန်​အုပ်​ဖို့ ပြင်​ဆင်​​နေတယ်​။ လူမှာလည်းဒီတိုင်းပဲ။ ကိုယ့်​စကားကို နား​ထောင်​​နေ​ပေမယ့်​ အကွက်​​ချောင်းပြီး ခုန်​အုပ်​ဖို့ ပြင်​ဆင်​​နေတယ်​။ ဒီလိုလူမျိုးကျ​တော့ အခွင့်​အလမ်း​ကောင်း​တွေ အများကြီးရတတ်​တယ်​။

➳ သင်​​ကော ဘယ်​လိုလူ အမျိုးအစားလဲ။

တောသားလေးရဲ့ စာပေရွာမှ ကူးယူဖော်ပြသည်။

Credit: သူသူဟိန်း

0 comments: