အစားအသောက်

သုံးထပ်သားအချိုပေါင်း



  • ပါဝင်သောပစ္စည်းများ

သုံးထပ်သား..........၅၀ကျပ်သား
ကြက်သွန်နီ............၃လုံး
ကြက်သွန်ဖြူ............၃တက်
ကြက်သွန်ဖြူအလုံး....၁၀လုံး
ချင်းကြီးကြီး.............၁တက်
နာနာတ်ပွင့်.............၂ပွင့်
ဟင်းချက်အရက်.......၁ဇွန်း

သုံးထပ်သားကိုရေဆေးသန့်စင်ပြီး၃လက်မအရွယ်ခန့်ခပ်ကြီးကြီးတုံးပါ။

ဇလုံတစ်ခုထဲမှာသုံးထပ်သားတွေကိုထည့်ပြီး
ထောင်းထားတဲ့ချင်း+ကြက်သွန်ဖြူ အရည်ညှစ်ချပါ။

ဆား၊သကြား၊ပဲငံပြာရည်အပျစ်၊ပဲငံပြာရည်အကြည်၊ဟင်းချက်အရက်တွေထည့်ပြီးနယ်ကာ
နာရီဝက်ခန့်နှပ်ထားပါ။

တစ်လုံးဥကြက်သွန်ဖြူ တွေကိုအခွံခွာထားပြီးကြက်သွန်နီကို(၈)စိတ်လှီးထားပါ။

နာနတ်ပွင့် ၂ပွင့်ကိုမီးကင်ပြီးအနည်းငယ်ထုချေထားပါ။

ဒယ်အိုးတစ်လုံးမှာဆီ(၂)ဇွန်းခန့်ကိုအပူပေးပါ။

ဆီပူလာလျှင်နာနတ်ပွင့်တွေကိုထည့်ဆီသတ်ပါ။ချက်ချင်းဆိုသလိုရှစ်စိတ်ခွဲလှီးထားတဲ့ကြက်သွန်နီတွေထည့်ဆီသတ်ပါ။ပါးပါးလှီးထားတဲ့ချင်းအခပ်၅ချပ်လောက်ကိုလဲထည့်ပြီးဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်အရသာနယ်ထားတဲ့သုံးထပ်သားတွေကိုထည့်ပြီးဆီသတ်ပါ။

သုံးထပ်သားတွေအပေါ်ယံကြောတင်းပြီးကြက်သွန်နီလဲအနှစ်ကျပြီဆိုရင် pressure အိုးထဲပြောင်းထည့်ပါ။

ရေအနည်းငယ်လေးထည့်ပြီးမိနစ်(၁၀§)မိနစ်ခန့်ပေါင်းပါ။စမ်းသပ်ကြည့်ပါ။

မိမိလိုချင်တဲ့နှုးအိမှုအတွက်နောက်ထပ်မိနစ်အနည်းငယ်ခန့်ထပ်ပေါင်းပေးပါ။

မိမိလိုအပ်တဲ့နှုးအိမှုမရခင်(၅)မိနစ်လောက်အလိုမှာတစ်လုံးဥကြက်သွန်ဖြူ တွေထည့်ပေါင်းပါ။

ပဲငံပြာရည်နှင့်ငရုတ်သီးစိမ်းလေးတွေရောစပ်ထားတဲ့ Dipping Sauce လေးနဲ့တွဲဖက်သုံးဆောင်ပါ။

1 comments:

အစားအသောက်

ငါးပြေမငါးပိရည်ချက်နှင့်တို့စရာ



  • ပါဝင်သောပစ္စည်းများ



  1. ငါးပြေမ.............၃ကောင်
  2. ငါးပိရည်ကျို.........၁၀ကျပ်သား
  3. ကြက်သွန်ဖြူ.........၇မွှာ
  4. ကြက်သွန်နီ..........၁လုံး
  5. ငရုတ်သီးစိမ်း.........မိမိနှစ်သက်သလောက်
  6. ကုလားအော်ငြုတ်သီး.....၃တောင့်
  7. ငရုတ်ခြောက်တောင့်......၅တောင့်


ငါးပြေမတွေကိုရေဆေးသန့်စင်ပြီးဓားနဲ့မွှန်းပါ။ဆား၊ဟင်းခတ်မှုန့်၊နနွင်းမှုန့်တို့ဖြင့်နယ်ကာ
ရေအနည်းငယ်ဖြင့်နူးအောင်ပြုတ်ပါ။

နှုးပြီဆိုအအေးခံကာအသားနွှင်ထားပါ။

ငါးပိရည်ကိုနနွင်းမှုန့်အနည်းငယ်ဖြင့်ကျအောင်ကျိုပါ။ငါးပြေမအရိုးတွေထည့်ပြုတ်ပါ။

ဇကာလေးဖြင့်အရံသင့်စစ်ယူထားပါ။

ကြက်သွန်နီနှင့်ငရုတ်သီးခြောက်တောင့်ကိုမီးဖုတ်ပါ။

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ကုလားအော်သီးတို့ကိုမီးအေးအေးဖြင့်မွှေးနေအောင်လှော်ပါ။

မီးဖုတ်ထားတဲ့အရော၊လှော်ထားတဲ့အရောတွေအားလုံးကိုရောထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားတဲ့အရောကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာပြီဆိုရင်အရိုးနွှင်ထားတဲ့ငါးပြေမအသားတွေထည့်ဆီသတ်ပါ။

စစ်ယူထားတဲ့ငါးပိရည်တွေထည့်ချက်ပါ။ဟင်းခတ်မှုန့်လေးဖြင့်အရသာဖြည့်ပေးပါ။

အခြားငါးများ၊ငါးအသားတုံး၊ပုစွန်တို့နှင့်လဲအစားထိုးချက်နိုင်ပါတယ်။

မိမိနှစ်သက်တဲ့တို့စရာအစုံအလင်နှင့်တွဲဖက်နိုင်ပါသည်။

0 comments:

အစားအသောက်

ကြက်ကာလသားချက်



  • ပါဝင်သောပစ္စည်းများ



  1. အိမ်ကြက်...........၁ကောင်(၅၀ကျပ်သားခန့်)
  2. ကြက်သွန်နီ.........၂လုံး
  3. ကြက်သွန်ဖြူ.........၅တက်
  4. ချင်း....................၁တက်
  5. ငရုတ်ပွခြောက်......၃တောင့်
  6. ငရုတ်သီးစိမ်း.........၅တောင့်
  7. စပါးလင်................၂ပင်


  • ချက်ပြုတ်ပုံအဆင့်ဆင့်


ကြက်သားကိုရေဆေးသန့်စင်ပြီးအနေတော်တုံးပါ။

ဆား၊ဟင်းခတ်မှုန့်၊နနွင်းမှုန့်တို့ဖြင့်အရသာနယ်ထားပါ။

ကြက်သွန်နီ၊ဖြူ ၊ချင်း၊ငရုတ်ပွနီတို့ကိုညှက်နေအောင်ရောထောင်းပါ။

ချက်မယ့်အိုးထဲသို့အရသာနယ်ထားသောကြက်သားကိုထည့်ပါ။ထောင်းထားသောအရောကိုထည့်ပြီးရောနှယ်ပါ။

စပါးလင်ကိုဓားပြားရိုက်ပြီးထုံးချည်ထည့်ကာဆီအနည်းငယ်လေးလောင်းထည့်ပြီးမွှေပေးပါ။

မီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးနူးသည်အထိချက်ပါ။လိုအပ်ပါကရေအနည်းငယ်ဖြည့်စွက်ပါ။

စားခါနီးအချိန်မှဓားပြားရိုက်ထားတဲ့ငရုတ်သီးစိမ်းတွေအုပ်ပေးပါ။

ဒါဆိုရင်တော့အရသာထူးကဲတဲ့ကြက်သားကာလသားချက်ကိုရရှိနိုင်ပါပြီနော်

0 comments:

ကျန်းမာရေး,

မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့ အာလူးကို ဒီလိုသုံးမယ်


ဒီနေ့မှာတော့ မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အာလူးကို အသုံးပြုနည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေမို့လို့ ဘေးထွက်ဆိုးကျိုးဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။

၁။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီး



  • ပါဝင်ပစ္စည်း


  1. အာလူး ၁ လုံး
  2. သံပုရာသီး တစ်ခြမ်း (သို့) သံပုရာသီး ၁လုံး


  • ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

အရင်ဆုံး အာလူးကိုသေချာဆေး အခွံနွှာပြီး ကျိတ်လိုက်ပါ။ ပြီးရင် သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပါ။ ပြီးရင် သေချာရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီးတို့မှာ သဘာဝတိုင်း အသားအရေဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသားအရေကို ကြည်လင် သန့်စင်စေပါတယ်။


  • အာလူးနဲ့ သခွားသီး

Cucumber Potato Skincare


  • ပါဝင်ပစ္စည်း


  1. သခွားသီးတစ်ခြမ်း
  2. အာလူး ၁ လုံး


  • ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

ပါဝင်ပစ္စည်း၂ခုကို သေချာရေဆေး အခွံနွှာပြီး ဖျော်စက်ထဲထည့်ပြီး သေချာကျိတ်ပေးပါ။ ပြီးရင် တော့မျက်နှာပေါ်မှာ သေချာလိမ်းပေးပါ။ ၂၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။


  • အာလူးနဲ့ မုန်လာဥနီ



  • ပါဝင်ပစ္စည်း
  1. မုန်လာဥနီ တစ်ခြမ်း
  2. အာလူး ၁ လုံး
  • ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း
ပါဝင်ပစ္စည်းနှစ်ခုကို သေချာရေဆေးပြီး ဖျော်စက်ထဲထည့်ကာ ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်သေချာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

0 comments:

အစားအသောက်

အာဟာရအပြည့်နဲ့ ကြက်ဥစွပ်ပြုတ်လေး လုပ်စားဖို

ကဲ.... ဒီကနေ့တော့ စွပ်ပြုတ်လုပ်သောက်ရအောင်ပါ။ ရာသီဥတုပူလို့ ထမင်းနဲ့ဟင်းကို မစားချင်သူတွေအတွက် ကြက်ဥမွှေစွပ်ပြုတ် ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။ နေမကောင်းသူတွေရှိရင်လည်း ဆန်ပြုတ်အစား ကြက်ဥစွပ်ပြုတ်လေး တိုက်ရင် ပိုပြီး အာဟာရဖြစ်တာပေါ့။


ကြက်ဥစွပ်ပြုတ် တစ်ပွဲစာအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ပြုတ်ရည်၊ ကြက်ဥ - ၃ လုံး၊ ကော်မှုန့် - ထမင်းစားဇွန်းတစ်ဝက်၊ ဆား ၊ ငြုပ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်တို့ပဲ ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ကြက်ဥကို ဖောက်ပြီး သေသေချာချာလေး မွှေထားရပါမယ်။ ဆားနဲ့ငြုပ်ကောင်းကိုလည်း ကြက်ဥထဲ ထည့်ပြီးခလောက်ထားပါ။ ကော်မှုန့်ကိုလည်း ရေဖျော်ထားပါ။


ဒါဆိုရင် ချက်လို့ရပါပြီ။ ကြက်ပြုတ်ရည်ကို မီးဖိုပေါ်မှာ ဆူအောင်တည်ထားရပါမယ်။ ပြုတ်ထားပြီးသားအရည်ဆိုတော့ ဆူလာတာနဲ့ ဖျော်ထားတဲ့ကော်ရည်ကို ဖြည်းဖြည်းချည်း ထည့်ရပါမယ်။ ကော်ရည်ခွက်ကို လက်တစ်ဖက်က ဖြည်းဖြည်းချင်းထည့်နေချိန်မှာ ကျန်လက်တစ်ဖက်က အိုးထဲကိုမွှေပေးနေမှ အရည်တွေ မခဲကုန်မှာဖြစ်ပါတယ်။ ထပ်ဆူလာအောင် စောင့်ပြီး မွှေထားတဲ့ကြက်ဥကိုလည်း စောနကအတိုင်း ထည့်ပေးရပါမယ်။ ဆူလာရင် အရသာကိုမြည်းပြီး ဆားနဲ့ ငြုပ်ကောင်းမှုန့် ထပ်ပါ။ မီးဖိုပေါ်က ချပြီးရင် စားခါနီးမှ ကြက်သွန်မြိတ်လေးဖြူးပြီး စားမယ်ဆို အရမ်းဆိမ့်ပြီး မွှေးပျံ့နေတဲ့ ကြက်ဥစွပ်ပြုတ်လေးကို ရပြီပေါ့။
Source : Seonkyoung Longest

0 comments:

ချစ်ရေးချစ်ရာ

စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေက ကိုယ်နဲ့မထိုက်တန်သူကို မချစ်ကြဘူး

ရည်းစားထားတယ်ဆိုတာ တကယ်တမ်းတော့ ဂိမ်းတစ်ခုလိုပဲ။ စိတ်လှုပ်ရှားရတာတွေ၊ ပျော်စရာတွေ ရှိမယ်။ ကိုယ့်အချိန်နဲ့ အခြားအရာတွေလည်း ပေးဆပ်လိုက်ရပြန်တာပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ အချစ်ကို မကစားချင်ပါဘူး။ ကိုယ့်ကိုကစားသွားမှာလည်း မလိုလားဘူး။
play

ကိုယ့်အတွက် ကောင်းကျိုးမပေးဘဲ စိတ်ပင်ပန်းစရာတွေကိုပဲ ပေးနေတဲ့ လူတစ်ယောက်ကို ချစ်ရတာ အရမ်းကို ပင်ပန်းရတယ်။ နာကျင်စရာတွေ၊ ဝမ်းနည်းစရာတွေ အများကြီးပဲ။ ဒါပေမဲ့ မချစ်ဘဲ မနေနိုင်လို့ တွယ်တာနေမိတာက အတော်ကို ဆိုးဝါးတဲ့အခြေအနေပါ။ ဒါကို အံတုနိုင်ဖို့ဆိုတာကတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေပဲ တတ်နိုင်တယ်။ ဘဝဆိုတာ စိတ်ဓာတ်မာကြော ကြံ့ခိုင်နေမှ ရှင်သန်လို့ရတာလေ။ ဘယ်ကိစ္စကိုမဆို ပျော့ညံ့နေလို့ မဖြစ်ဘူး။
play

စိတ်ပျက်စရာကောင်းတဲ့ ရည်းစားကို ကျောခိုင်းလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တာကမှ အများကြီးပိုကောင်းပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ထက် သူများကိုပိုချစ်ပြီး အဲ့ဒီတစ်ယောက်က ကိုယ့်ကို ကစားနေတယ်ဆိုရင် ကိုယ့်အတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ရဲ့အချစ်နဲ့ မထိုက်တန်တဲ့လူတစ်ယောက်ကို ချစ်နေမယ့်အစား တစ်ယောက်တည်းပဲနေတာက အများကြီးပိုကောင်းပါတယ်။
play

ဒီလိုပြောလိုက်လို့ အချစ်ကို လုံးလုံးလျားလျား ကျောခိုင်းရမယ်လို့ မတွေးပါနဲ့။ ယောက်ျားတွေနဲ့ ခပ်ခွာခွာနေဖို့လည်း မလိုပါဘူး။ အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ့်ကိုဒုက္ခပေးလာမယ့်လူတွေဆီကနေပဲ ဝေးအောင်နေလိုက်တာကသာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

0 comments:

ဖက်ရှင်

ခေါင်းမလျှော်ထားပေမယ့်လဲ အလွယ်တကူပြင်နိုင်တဲ့ ပျိုမေတို့်အတွက် ဆံပင်စတိုင်များ

မိန်းကလေးတွေအတွက် ခေါင်းမလျှော်ထားတဲ့အချိန်မှာ ဆံပင်ဟာ ခြောက်ကပ်ကပ်ဖြစ်နေတာမျိုး၊ ဆီများပြီး အဆင်မပြေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် အောက်မှာဖော်ပြထားတဲ့ ဆံပင်စတိုင်လှလှလေးတွေနဲ့ စိတ်တိုင်းကျလှနိုင်တယ်နော်။

၁။ ရိုးရိုးရှင်းရှင်းနဲ့လှတဲ့ ဆံပင်တစ်ဝက်စီးထားတဲ့စတိုင်

ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးလှစေမယ့်ပုံဖြစ်ပါတယ်။

၂။ ဆံပင်တစ်ဝက်ခွဲပြီး ကျစ်ဆံမြီးပြန်ပတ်စီးထားတဲ့စတိုင်

ရိုးရိုးလေးနဲ့ဆန်းစေမယ့် ဆံပင်ပုံစံ

၃။ ဆံပင်တစ်ဝက်ထုံး တစ်ဝက်ချစတိုင်

ဒါကတော့ ဆံပင်ပွပွပုံစံလေးနဲ့ လူတကာပြန်ငေးကြည့်စေမယ့်စတိုင်ဖြစ်ပါတယ်။

၎။ ဘေးဘက်ချကျစ်ဆံမြီးစတိုင်

ဒါကတော့ ဆံပင်ဆိုးထားတဲ့သူတွေနဲ့ အထူးလိုက်ဖက်တဲ့ပုံစံတစ်မျိုးဖြစ်ပါတယ်။

၅။ ဆံပင်အတွင်းဘက်ထုံးပြီး စည်းထားတဲ့စတိုင်

ဒါလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ဂန္ထဝင်​ဆန်ဆန်လှနိုင်မယ့် စတိုင်ပဲဖြစ်ပါတယ်။

၆။ ရှုပ်ရှုပ်ပွပွပုံစံအထုံးလေး

ဒီပုံစံဟာ မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်ပဲဖြစ်ပါတယ်။

၇။ ရှုပ်ရှုပ်ပွပွအမြင့်ထုံး

ဘေးမှာကျစ်ဆံမြီးကျစ်ပြီး ဆံပင်အမြင့်ထုံးလိုက်တဲ့အခါမှာတော့ သူများနဲ့မတူဘဲ ထူးခြားတဲ့ဆံပင်ပုံစံလေးဖြစ်သွားပါတယ်။

၈။ ခေါင်းနောက် ကျစ်ဆံမြီးအစည်း

ဆံပင်ဂုတ်နားအရှည်ရှိတဲ့ မိန်းကလေးတွေနဲ့အင်မတန်လှတဲ့ပုံစံလေးဖြစ်ပါတယ်။

Source : scoopwhoop

0 comments:

လူနေမှု့ဘ၀,

အမှိုက်လို့ထင်ထားကြတဲ့ ကြက်သွန်နီအခွံမှ မယုံကြည်နိုင်စရာ အာနိသင်တွေ


ကြက်သွန်နီခွါပြီးတိုင်း အခွံတွေကို လွှင့်ပစ်တတ်ကြတယ်မလား ။ ဒီအကြောင်းအရာကို ဖတ်ပြိးရင်တော့ လွှင့်ပစ်မိမှာ မဟုတ်တော့ပါဘူး ။ ကြက်သွန်နီ အခွံမှာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ စားလို့တော့မရပါဘူးနော် ..

၁။ရောင်ရမ်းနာကြင်မှုတွေ သက်သာစေ ကြက်သွန်နီအခွံမှာ ရောင်ရမ်းနာကြင်မှုတွေကို သက်သာစေနိုင်တဲ့ သဘာဝအစွမ်းသတ္တိရှိပါတယ် ။ ခွာထားပြီးသော ကြက်သွန်နီအခွံတွေကို ရေထဲတစ်ညလုံး စိမ်ထားပါ ။ ထိုရေဖြင့် အရေပြားပွန်းရှခြင်း ၊ အလာဂျီဖြစ်ခြင်း ၊ ထိခိုက်ရှနာဖြစ်ခြင်းတို့ကို ကုသပေးနိုင်ပါတယ် ။

၂။ယင်ကောင်နှင့်ပိုးမွှားများကို အဝေးပြေးစေ ခြင်နှင့် ယင်ကောင်ကဲ့သို့သော အင်းစက်ပိုးမွှားတွေ အိမ်မှာရှိနေရင်တော့ ကြက်သွန်နီအခွံက ကူညီမောင်းထုတ်ပေးနိုင်ပါတယ် ။ အထက်ဖော်ပြပါအတိုင်း ကြက်သွန်နီအခွံ တစ်ညလုံးစိမ်ထားတဲ့ရေကို ခွက်ထဲအနည်းငယ်ထည့်ပြီး  ပြတင်းပေါက် နှင့် အင်းစက်ပိုးမွှားရှိတတ်သော နေရာများတွင် ချထားပါ။ ကြက်သွန်နံ့ကြောင့် အင်းစက်တွေ အဝေးခွာပြေးသွားကြမှာပါ ။

၃။ဆံပင်ပျော့ဆေး ကြက်သွန်နီအခွံကို ရေဖြင့်ပြုတ်ပြီး အအေးခံကာ ခေါင်းလျှော်ပြီးတိုင်းမှာ ခေါင်းပေါ်လောင်းချပေးခြင်းက ဆံပင်ကို ပျော့ပြောင်းစေပြီး ဆံပင်အတွက် လိုအပ်သော အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ် ။

0 comments:

အစားအသောက်

ရိုးရာအစားအစာ ဘိန်းမုန့်အရသာ

Lc6ca3vpmhpcx4tskpad

နေ့လည်နေ့ခင်း အဆာပြေဘိန်းမုန့်ကို ကော်ဖီပူပူလေးနဲ့ သောက်ရတဲ့အရသာက ဘာနဲ့မှ မတူဘူးနော်
  • ပါဝင်သောပစ္စည်းများ 
  1. ပန်ကိတ်ပြုလုပ်သောမုန့်အနှစ်၊ 
  2. ဆန်မုန့်၊ 
  3. ထန်းလျက်ရည်၊ 
  4. သကြား၊ 
  5. မုန့်ဖုတ်ဆိုဒါ၊ 
  6. ဘိန်းစေ့၊ 
  7. အုန်းသီးဖတ်(ခြစ်ပြီးသား)နဲ့
  8. ထောပတ် (သို့မဟုတ်) ဆီတို့ပဲဖြစ်ပါတယ်။ 
  • ပြုလုပ်ပုံအဆင့်ဆင့် 

(၁) ပန်းကန်တစ်လုံးထဲမှာ ဆန်မုန့် စားပွဲတင်ဇွန်း(၁)ဇွန်း၊ ပန်ကိတ်မုန့်စားပွဲတင်ဇွန်း(၂)ဇွန်း၊ နဲ့ ရေစားပွဲတင်ဇွန်း(၂)ဇွန်းကို ရောဖျော်ပေးပါ။ (မုန့်တစ်ချပ်စာ ဖြစ်ပါတယ်)
(၂) သကြားလက်ဖက်ရည်ဇွန်းဝက်နဲ့ ထန်းလျက်ရည် လက်ဖက်ရည်ဇွန်း(၁)ဇွန်း တို့ကို ထည့်ပြီး သမအောင်မွှေပါ။

W9wg53jiokgjihhhins1
(၃) ဒယ်ပြားထဲမှာ ဆီ(သို့) ထောပတ်ကို ထည့်ပြီး အပူပေးပါ။ နောက်မုန့်နှစ်ကို ထည့်ပါ။ အပေါ်ကနေ အုန်းသီးဖတ်နဲ့ ဘိန်းစေ့ထည့်ပေးပါ။
(၄) မုန့်ပေါ်မှာ အပေါက်လေးတွေ ဖြစ်လာပြီဆိုလျှင် နောက်တစ်ဖက်ကို လှန်ပေးပါ။
(၅) အရသာရှိတဲ့ ဘိန်းမုန့်ပူပူလေးကို ကော်ဖီနဲ့ သုံးဆောင်နိုင်ပါပြီ။

Ref: Evyfoodlover.com 

0 comments:

အစားအသောက်

ကိုးရီးယားစတိုင်လ် ထမင်းလုံး

A8wgw3eotqvmdaokc0f0

အဆာပြေပဲစားစား၊ နေ့လည်စာ ညစာအနေနဲ့ပဲစားစား အရသာရှိတဲ့ ထမင်းလုံးပြုလုပ်နည်းလေးပါ။ အားလပ်ရက် ပျော်ပွဲစားထွက်တဲ့အခါမှာလည်း အလွယ်တကူလုပ်ပြီး ယူဆောင်သွားလို့ ရပါတယ်နော်။
ပါဝင်သောပစ္စည်းများ - ချက်ပြီးသား ထမင်း (၂)ခွက်၊ ဝက်ပေါက်ခြောက် (သို့) အသားပြား(သို့) ဝက်အူချောင်း (၄၀)ဂရမ်၊ ကြက်သွန်နီ (၄၀)ဂရမ်၊ မုန်လာဥနီ (၄၀)ဂရမ်၊ နှမ်းဆီ၊ နှမ်းစေ့၊ ကြက်သွန်မြိတ်၊ ကြက်သားမှုန့်နဲ့ ဆားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ဝက်ပေါင်ခြောက်၊ ကြက်သွန်နီ၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ်များကို အတုံးသေးလေးတွေ တုံးပါ။
(၂) ပန်းကန်ကြီးတစ်လုံးထဲမှာ ထမင်း၊ ကြက်သားမှုန့်၊ နှမ်းဆီနဲ့ နှမ်းစေ့များထည့်ပြီး သမအောင် မွှေထားပါ။
(၃) ဒယ်ပြားထဲ ဆီစားပွဲတင်ဇွန်း(၂)ဇွန်းခန့်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် မုန်လာဥနီနဲ့ အသားပြားများ ထည့်ကြော်ပါ။ နောက်ကြက်သွန်မြိတ်လည်း ထည့်ကြော်ပါ။
(၄) ပြီးလျှင် ကြော်ထားတဲ့ အသားနဲ့ အသီးအရွက်များကို ထမင်းထည့်ထားတဲ့ ပန်းကန်ထဲထည့်ပြီး သမအောင် မွှေပါ။
(၅) လက်အိတ်စွပ်ပြီး ဘောလုံးပုံအလုံးလေးတွေ ဖြစ်အောင် လုံးပါ။
(၆) နောက်ပန်းကန်တစ်ချပ်ထဲထည့်ပြီး စားသုံးလို့ရပါပြီ။

Ref: mykoreanfood.com 

0 comments:

ကျန်းမာရေး,

ရင်သားတွဲကျတာတွေ ပြန်လည်တင်းရင်းလာစေမယ့် အကောင်းဆုံးနည်းလမ်း

Mbwl9olghixs71tug8u8

ရင်သားတွဲကျတာက အသက်အရွယ်ကြီးခြင်း၊ ကလေးနို့တိုက်ခြင်း၊ ညဘက် ဘရာစီယာ ချွတ်အိပ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အလှအပတွေရဲ့ အဓိက ကျတဲ့ အရာတွေထဲမှာ ရင်သားရဲ့ အလှလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ရင်သားတွေ တင်းတင်းရင်းရင်း ပြန်လည်ဖြစ်စေမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

  • နှိပ်နယ်ခြင်း
Kk5tkbkj3m2qaqvtfoga


သံလွင်ဆီအစစ် လိုအပ်ပါတယ်။ အိပ်ရာပေါ်မှာ ပက်လက်လှန်လိုက်ပါ။ ကျောဘက် ရင်ဘတ်ပိုင်းနေရာအောက်မှာ ခေါင်းအုံးပျော့ပျော့လေး ထားပေးပါ။ သံလွင်ဆီကို ရင်သားပေါ်ကို (၃) စက်လောက် လောင်းချပြီး ရင်သားတ၀ိုက် စက်ဝိုင်းပတ်ပုံစံမျိုးနဲ့ (၁၅) ပတ်လောက် ပတ်ကာ နှိပ်နယ်ပေးပါ။ ပြီးရင် သံလွင်ဆီ နည်းနည်း ထပ်လောင်းချပြီး လက်နှစ်ဖက်ကို ဟိုဘက်ဒီဘက် ယှက်လိုက်ပါ။ ညာဘက်လက်ကာ ဘယ်ဘက်ရင်သား၊ ဘယ်ဘက်လက်က ညာဘက်ရင်အုံကို ပင့်တင့်ပြီး နှိပ်နယ်ပေးပါ့။ (၂) မိနစ်လောက် ကြာအောင်နှိပ်ပေးပါ။ အဲဒီနောက်တော့ တစ်ရှူးလေးနဲ့ သံလွင်ဆီတွေကို သုတ်ယူဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ရင်သားမှာရှိတဲ့ တွဲကျနေတဲ့ ကြွက်သားတွေကို ပြန်လည် တင်းရင်းလာစေနိုင်ပါတယ်။ တစ်ပတ်ကို (၃) ကြိမ် ပြုလုပ်ပေးလို့ ရပါတယ်။

  • ပေါင်းတင်ခြင်း
Dco1ix1epzyclrl53mus

ရင်သားကို နှိပ်နယ်တာအပြင် ပေါင်းတင်ပေးတာတွေကလည်း ရင်သားကို ပြန်လည်တင်းရင်းစေပါတယ်။ သခွားသီး အလတ်စားတစ်လုံးကို ယူကာ ကြိတ်ချေလိုက်ပါ။ အခွံနွှာ ရေဆေးဖို့တော့ လိုတယ်နော်။ အဲဒီသခွားသီးအရည်ထဲကို ကြက်ဥတစ်လုံး ဖောက်ထည့်ပေးပါ။ အားလုံးကို ရောမွှေပြီးပြီဆိုရင်တော့ ရင်သားတ၀ိုက်မှာ လိမ်းထားပေးပါ။ မိနစ်(၂၀) လောက်ကြာအောင် ထားပြီးမှ ရေဆေးကြောလိုက်ပါ။ ဒီလိုဆိုရင် ရင်သားမှာ ရှိတဲ့ကြွက်သားတွေဟာ သခွားသီးရဲ့ရေဓါတ်၊ ကြက်ဥရဲ့ ပရိုတင်းဓါတ်တွေကြောင့် အမြန်ဆုံး ပြန်လည်တင်းရင်းလာကာ စိတ်ကျေနပ်စေမယ့် ရင်သားတစ်စုံကို ပိုင်ဆိုင်ရမှာပါ။ 

Ref: Glowpink 

0 comments:

ကျန်းမာရေး,

အမျိုးသမီးတိုင်း မေးဖို့ရှက်နေတဲ့ မေးခွန်းတွေအတွက်(18+)



ချစ်တင်းနှောတယ်ဆိုတဲ့ကိစ္စဟာ အမြဲတမ်းတော့ သက်တောင့်သက်သာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေတော့လည်း စိတ်ကသိကအောက်ဖြစ်စေတဲ့အရာတစ်ချို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ချစ်တင်းနှောခြင်းနဲ့ပတ်သက်ပြီး သင့်မှာ တိုင်ပင်စရာလူမရှိတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။ အထူးသဖြင့် မြန်မာနိုင်ငံက မိန်းမသားအများစုဟာ ချစ်တင်းနှောခြင်းရဲ့ နောက် ဆက်တွဲ အကျိုးသက်ရောက်မှုတွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ မိန်းမရောဂါတစ်ချို့ကို ရင်ဆိုင်ရတဲ့အခါမှာတော့ အရှက်အကြောက်ကြီးတဲ့ မြန်မာလူမျိုးတို့ရဲ့ထုံးစံအတိုင်း ကယ်ရာကူရာမဲ့နေကြမှာကို ကျွန်မစိုးရိမ်မိပါတယ်။ အဲဒါကြောင့် ဒီကနေပြီးတော့ မိန်းမသားတွေနဲ့ ချစ်တင်းနှောခြင်းရဲ့ကြားထဲက အဖြစ်အများဆုံး လူမှုရေးပြဿနာတွေ၊ ကျန်းမာရေးပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာ အမေးအဖြေလေးတွေကနေတစ်ဆင့် သင်ဟာ ပုံမှန်ပဲလား ဒါမှမဟုတ် ကုသမှုတစ်ခုခုလိုအပ်နေပြီလား ဆုံးဖြတ်လိုက်ပါ။

“တစ်ခါတစ်လေ ကျွန်မချစ်သူနဲ့ချစ်တင်းနှောတဲ့အခါမှာ စိတ်မပါသလိုခံစားနေရတယ်။ ကျွန်မရင်ထဲမှာ စီးမျောမှုတွေ၊ ချစ်ဆိပ်တတ်တာမျိုးတွေတောင် မရှိတော့သလိုပါပဲ။ ကျွန်မရဲ့ချစ်သူကို စိတ် ကျေနပ်မှုအပြည့်အဝရအောင် အကောင်းဆုံးစွမ်းဆောင်ပေးချင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကိုးရိုးကားယားနိုင်တယ်လို့ပဲ ထင်နေမိတယ်။ အဲဒါ ဖြစ်လေ့ဖြစ်ထရှိတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေလို့လား”

စိတ်မပူပါနဲ့။ ချစ်တင်းနှောရာမှာ စိတ်ပါဝင်စားမှုမရှိတာလောက်နဲ့တော့ မူမမှန်တဲ့ရောဂါတစ်ခုခုဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ်ချစ်တင်းနှောတဲ့အခါကျရင်တော့ ဘယ်လိုကိုယ်နေဟန်ထားမျိုးနဲ့ ဆက်ဆံတာဟာ သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မလဲဆိုတာကိုတော့ သင်တို့ချစ်သူနှစ်ယောက်လုံး ရှာဖွေကြည့်ရပါလိမ့်မယ်။ ဒီပြဿနာမှာ အများဆုံးဖြစ်နိုင်ချေကတော့ သင်တို့ ချစ်တင်းနှောတဲ့ကိုယ်နေဟန်ထားက နှစ်ယောက်လုံးအတွက် စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မယ့်ပုံစံမျိုး မဖြစ်လို့ပဲ နေမှာပါ။ အရေးအကြီးဆုံးကတော့ သင်ဟာ ဘယ်လိုပုံစံမျိုးဆက်ဆံတာ သဘောကျတယ်ဆိုတာ ချစ်သူကို ပြောပြထားသင့်ပါတယ်။၊ နောက်တစ်ခုကတော့ ကိုယ်ခန္ဓာမှာ လာပွတ်သပ်ရင် မနေတတ်တဲ့နေရာမျိုးတွေ၊ ချစ်တင်းနှောနေစဉ်အတွင်း ရှက်တတ်တဲ့အပြုအမူမျိုးတွေ ရှိနေရင်လည်း ကြိုတင်ပြောပြထားသင့်ပါတယ်နော်။

“ချစ်တင်းနှောနေတဲ့အချိန်တွေမှာ ကျွန်မစိတ်အရမ်းလှုပ်ရှားပြီး ဆက်ဆံပြီးသွားတဲ့အခါမျိုးမှာလဲ ငိုချင်သလိုလို ဖြစ်လာတယ်။ အဲဒါက စိတ်ရောဂါတစ်ခုခုများလား”

ဒါမျိုးတွေက တစ်ခုခုဖြစ်နေတာမျိုးမဟုတ်ပါဘူး။ လုံးဝပုံမှန်ပါပဲ။ ချစ်တင်းနှောတယ်ဆိုတာ မိန်းမသားတွေရဲ့စိတ်ခံစားမှုမျိုးစုံကို နှိုးဆွပေးလေ့ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာဘက်ကကြည့်မယ်ဆိုရ င်လည်း မိန်းမသားတစ်ဦးဟာ စိတ်ဆန္ဒပြီးမြောက်ပြီဆိုရင် Oxytocin, Dopamine နဲ့ Norepinephine စတဲ့ Neutrochemical  တွေယိုစိမ့်လာတဲ့အခါ မိန်းမသားတွေရဲ့ဦးနှောက် က သာမာန်ထက်ထူးခြားတဲ့စိတ်ခံစားမှုတွေ အများကြီးဖြစ်ပေါ်လာနိုင်တယ်လို့ဆိုထားတဲ့အတွက် ဒါတွေအားလုံးဟာပုံမှန်ပါပဲ။ ဒါပေမယ့်လည်း တစ်ခုရှိတာကတော့ ချစ်တင်းနှောပြီးတဲ့အခါတိုင်း သင့်ရဲ့မျက်နှာက ရင့်ရော်သွားသလိုခံစားရတာမျိုးတွေဖြစ်လာမယ်၊ စိတ်ပင်ပန်းနွမ်းနွယ်မှု အပြင်းအထန်ခံစားရမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့သွားရောက်တိုင်ပင်သင့်တယ်လို့ အကြံ ပေးပါရစေ။

“တစ်ခါတစ်လေဆို ချစ်တင်းနှောပြီးရင် ကျွန်မမိန်းမကိုယ်ကနေ သွေးနည်းနည်းဆင်းလေ့ရှိတယ်။ အရမ်းအများကြီးတော့ မဟုတ်ပေမယ့် ဒါမိန်းမရောဂါတစ်ခုခုဖြစ်နေတာလား စိုးရိမ်မိတယ်”

ချစ်တင်းနှောနေစဉ် ဘယ်လိုပုံစံမျိုးနဲ့ပဲ သွေးဆင်းပါစေ။ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သွားရောက်ပြသတာဟာ အကောင်းဆုံးပါပဲ။ ချစ်တင်းနှောနေစဉ် ဒါမှမဟုတ် ချစ်တင်းနှောပြီးရင်သွေးဆင်းတာ မျိုးတွေဟာ သာမာန်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါဟာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်နေပြီး လိင်အင်္ဂါမှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တာမျိုး ဒါမှမဟုတ် သားအိမ်ခေါင်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တာမျိုး ဖြစ်နိုင်လေ့ရှိပါတယ်။ တစ်ချို့သွေးဆင်းခြင်းတွေဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါရဲ့ ကနဦးရောဂါလက္ခဏာအထိဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်တော့ သားအိမ်အနေအထားအပြောင်းအလဲကြောင့် ချစ်တင်းနှောပြီးနောက် သွေးအနည်းငယ်ဆင်းလေ့ရှိပါတယ်။ ဒါမျိုးဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူးနော်။

“ဓမ္မတာလာမယ့်ရက်နီးနေတာမျိုးလည်းမဟုတ်ပဲနဲ့ ချစ်တင်းနှောပြီးတိုင်း ဗိုက်အောင့်လေ့ရှိတယ်။ အဲဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပဲလား”

ဒါသိပ်ပြဿနာဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ချစ်တင်းနှောပြီးတိုင်း ဗိုက်အောင့်တယ်ဆိုတာဟာ ဖြစ်နိုင်ချေအများဆုံးကတော့ သင့်ရဲ့သားအိမ်ထိပ်ဟာ ချစ်တင်းနှောနေစဉ်အတွင်း အမျိုးသားရဲ့လိင်အင်္ဂါ၊ လက်ချောင်းတွေ ဒါမှမဟုတ် Sex Toy များနဲ့ ထိခိုက်မိတာဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က ဆီးအိတ်အတွင်း မသက်မသာဖြစ်တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာသက်သာချင်တယ်ဆိုရင်တော့ ချစ်တင်းမနှောခင် ဆီးအိတ်လေးနေတာမျိုးမဖြစ်ရအောင် အရင်အပေါ့သွားထားသင့်ပါတယ်။ အခုပြောတဲ့နည်းလမ်းတွေကို ဂရုစိုက်ပြီး လုပ်ကြည့် တာတောင် ဗိုက်အောင့်တာမသက်သာသေးပဲ သိသိသာသာဆက်အောင့်နေတုန်းပဲဆိုရင်တော့ သားအိမ်အမြှေးယောင်တာမျိုး၊ သားအိမ်မှာအသားလုံးတည်ထာမျိုး၊ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး စတဲ့ ငုတ်လျှိုးပြီး တိတ်တိတ်လေးတိုက်ခိုက်တတ်တဲ့အမျိုးသမီးကျန်းမာရေးပြဿနာတွေ ဖြစ်နေတတ်တာမို့ ဆေးခန်းသွားဖို့ တိုက်တွန်းပါရစေ။

“ကျွန်မက ကလေးမွေးရတော့မယ့် ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုတော့ ကလေးမွေးပြီးနောက်ပိုင်း မိန်းမကိုယ်ပုံစံပြောင်းသွားတာမျိုး ရှိတတ်လား အရမ်းသိချင်တယ်။ အကယ်၍ပုံစံပြောင်းသွား မယ်ဆိုရင်ရော ချစ်တင်းနှောရာမှာ ပြောင်းလဲမှုတွေကို ဖြစ်သွားစေနိုင်လား”

မိန်းမကိုယ်ပုံစံပြောင်းလဲမှုကို မခံယူရပဲနဲ့ ကလေးတစ်ယောက်ကို ရိုးရိုးမွေးဖွားပေးနိုင်တဲ့မိန်းမတော့ မရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲသွားလို့လည်း ဝမ်းနည်းစရာမလိုပါဘူး။ ကလေးလေးတွေကို ရိုးရိုးမွေးပေးရတဲ့မိန်းမသားတွေက မိန်းမကိုယ်ကြွက်သားတွေကို ဆန့်ထုတ်ပေးလိုက်ရတယ်။ ဒါပေမယ့်လည်း မိန်းမကိုယ်ကြွက်သားတွေရဲ့ အဆန့်အကျုံ့လုပ်နိုင်စွမ်းကြောင့် မူလအနေအထားကို ပြန်ရောက်နိုင်ပါတယ်။ ဒီနေရာမှာတော့ သင့်ရဲ့ကလေးအရွယ်အစား၊ မွေးဖွားချိန်ညှစ်အားနဲ့ ကြွက်သားတွေရဲ့ အဆန့်အကျုံ့လုပ်နိုင်စွမ်းအားတွေအပေါ်မူတည်ပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကြာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ အမြန်ဆုံးပုံမှန်အနေအထားပြန်ရောက်ချင်တဲ့သူတွေကတော့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းတွဲ ယူနိုင်ပါတယ်။ စိတ်ပူမနေပါနဲ့။ ကလေးမွေးပြီးတဲ့အခါမှာ သင်တို့နှစ်ယောက်ရဲ့ ချစ်တင်းနှောမှုက အရင်ကထက်ပိုပြီး ကျန်းမာရေးအရပိုမိုကောင်းမွန်လာနိုင်တာသာမကပဲ ပျော်ရွှင်မှုပိုရလာနိုင်ပါတယ်နော်။

“ချစ်တင်းနှောနေစဉ်အတွင်း ကျွန်မဘက်က စိတ်ဆန္ဒပြည့်ဝသွားတယ်လို့ တစ်ခါမှမရှိခဲ့ဘူး။ ဒါကျွန်မ ဒါမှမဟုတ် ကျွန်မရဲ့ချစ်သူဘက်က လိုအပ်ချက်ပဲလား။ ဆေးခန်းသွားပြသင့်ပြီလား”

ဒီလိုဖြစ်စဉ်မျိုးခံစားနေရတဲ့မိန်းမသားက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ချစ်တင်းနှောတဲ့မိန်းမသား ၁ဝဝရာခိုင်နှုန်းမှာ ၂၁ရာခိုင်နှုန်းသာ ချစ်တင်းနှောနေစဉ် စိတ်ဆန္ဒပြည့်ဝလေ့ရှိကြပြီး ၇၉ရာခိုင်နှုန်းကတော့ တစ်ခါတစ်လေ ဒါမှမဟုတ် အမြဲလိုလို စိတ်ဆန္ဒပြည့်ဝမှုမရှိကြပါဘူးတဲ့နော်။ မိန်းမသားအများစုအတွက် ချစ်တင်းနှောနေစဉ် စိတ်ဆန္ဒပြည့်ဝနိုင်ဖို့ဆိုရင်တော့ သင့်ကို အချစ်ဆိပ်တတ်စေမယ့် လှုံ့ဆော်မှုတွေ လိုအပ်ပါတယ်။ သမားရိုးကျပုံစံကြီးနဲ့ ချစ်တင်းနှောနေသရွေ့တော့ စိတ်ဆန္ဒပြည့်ဝဖို့ဆိုတာ ခက်ခဲနေပါလိမ့်မယ်။ ဒါကြောင့်မို့လို့ သင်ဟာ ချစ်တင်းနှောနည်း လေ့ကျင့်ခန်းတွေကို လုပ်ရတာဝါသနာပါတဲ့သူဆိုရင်တော့ သင်တို့နှစ်ယောက်လုံး အတူတူစိတ်ဆန္ဒပြီးမြောက်နိုင်ဖို့အတွက် အရင်ကမလုပ်ဖူးတဲ့ကိုယ်နေဟန်ထားမျိုးတွေနဲ့ ကြိုးစားနေကြည့်သင့် ပါတယ်။

“ကျွန်မ သူငယ်ချင်းတွေပြောတာတစ်ခုကြားဖူးတယ်။ မိန်းမကိုယ်ပုံစံအမျိုးမျိုးရှိတယ်တဲ့။ အဲဒါဆိုရင် ကြည့်ရဆိုးတဲ့ မိန်းမကိုယ်ပုံစံဆိုတာရော  ရှိတာလား”

မိန်းမကိုယ်ပုံစံဆိုတာကတော့ မိန်းမတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ မိန်းမသားအများစုကတော့ သူတို့ရဲ့မိန်းမကိုယ်ပုံစံအတွက် စိုးရိမ်ကြောင့်ကြမှု အနည်းနဲ့အများတော့ ရှိကြတာ ချည်းပါပဲ။ အများအားဖြင့်တော့ မိန်းမကိုယ်ပုံစံကွာခြားတယ်ဆိုတာကလည်း အထူအပါး၊ အကြီးအသေး၊ မျက်နှာပြင်အထိအတွေ့ကွာခြားမှုတွေနဲ့ ပန်းရောင် ဒါမှမဟုတ် အညိုရောင်စသည်ဖြင့်အရောင်အသွေးကွာခြားမှုတွေကိုပြောတာပါ။ သင်တို့ရဲ့ မိန်းမကိုယ်ဟာ ဘယ်လိုပုံစံမျိုးတွေပဲဖြစ်နေပါစေ ပုံစံတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်တူညီမှုမရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ သင်ဟာတခြားသူမှာမရှိနိုင်တဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့သူပါ။ ဘာမှစိတ်ပူနေစရာမရှိပါဘူး။ ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့မှာရပ်ပြီး သင့်ရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို ကြည့်ကြည့်ပါ။ သင်ဟာ မတူထူးခြား တဲ့သူတစ်ဦးဖြစ်နေပြီး ဆွဲဆောင်မှုရှိနေပါတယ်။

“ကျွန်မ ချစ်တင်းနှောနေစဉ်အခါတိုင်းမှာ မိန်းမကိုယ်က နာကျင်နေတတ်တယ်။ အဲဒါက ဖြစ်လေ့ဖြစ်ထရှိတာပဲလား။ ဒါပုံမှန်မဟုတ်တဲ့ ရောဂါတစ်ခုခုများ ဖြစ်နေတာလား”

သင့်အတွက် သတင်းကောင်းတစ်ခုကတော့ သင်တစ်ယောက်တည်းဖြစ်နေတာတော့ မဟုတ်ဘူးဆိုတာပါပဲ။ မိန်းမသားအတော်များများက ချစ်တင်းနှောနေစဉ် နာကျင်တဲ့ဝေဒနာကို ခံစားရနိုင် ပါတယ်။ ဒါဟာ သင်တို့ဆက်ဆံတဲ့ ကိုယ်နေဟန်ထား၊ အမျိုးသားရဲ့လိင်အင်္ဂါအရွယ်အစား စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ တစ်ခါတစ်ရံ ဓမ္မတာလာခါနီးအချိန်မျိုးမှာ ဆက်ဆံမိရင်လည်း ဝမ်းဗိုက်နဲ့ သားအိမ်ကနာကျင်တာမျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့်လည်း ရာသီလာပြီးသွားတဲ့အခါမျိုးမှာတောင် ဆက်တိုက်နာကျင်နေမယ် ဒါမှမဟုတ် ချစ်တင်းနှောပြီး အပေါ့သွားတဲ့အချိန်တွေမှာ နာကျင်မှုတွေ ဆက်တိုက်ခံစားနေရဦးမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်တယ်လို့ အကြံပေးပါရစေရှင်။

ချစ်တင်းနှောခြင်းနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း သိပ်အများကြီးမရှိပါဘူး။ အဓိကအားဖြင့်တော့ နှစ်ချက်တည်းပါပဲ။ အဲဒါတွေကတော့ ကျန်းမာဖို့နဲ့ ပျော်ရွှင်ဖို့ပဲ ဖြစ်ပါတယ်။ မိန်းမသားတွေဟာ အရွယ်ရောက်ပြီးချိန်ကစပြီး စည်းကမ်းတင်းကျပ်ပြီး ရှေးဆန်တဲ့မိသားစုဘိုးဘွားတွေကြားမှာ ဘယ်လိုပဲ နေထိုင်လာကြရပါစေ အမျိုးသမီးရောဂါနဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ  ပတ်သက်ပြီး တစ်ခုခုလွဲမှားနေပြီလို့ ခံစားရပြီဆိုရင်တော့ တစ်ယောက်တည်းကျိတ်ဖြေရှင်းမနေပဲ ကျွမ်းကျင်ပညာရှင်များနဲ့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြပါလို့။

0 comments:

ဆောင်းပါး

အပြာရုပ်ရှင်ဇာတ်ကားကြည့်ရှုခြင်းက အမျိုးသားတို့ကို အချစ်ရေးမှာ စိတ်ကျေနပ်မှု လျှော့နည်းစေနိုင်


ညစ်ညမ်းအပြာရုပ်ရှင်ကားတွေကြည့်ခြင်းက အချစ်ရေးဆက်ဆံမှုမှာ လိင်မှုကိစ္စအရရော၊ အခြားကိစ္စတွေမှာပါ စိတ်ပျော်ရွှင်မှု လျှော့နည်းစေနိုင်ကြောင်း သုတေသနလေ့လာမှုအသစ်က ဖော်ပြထားပါတယ်။

ယင်းလေ့လာမှုအတွက် အမေရိကနိုင်ငံ Bloomington မြို့အင်ဒီယားနားတက္ကသိုလ်က Paul Wright နဲ့ လုပ်ဖော်ကိုက်ဖက်တွေက နိုင်ငံပေါင်း ၁၀ နိုင်ငံက စမ်းသပ်ခံသူ ၅၀,၀၀၀ ကျော်ပါဝင်တဲ့ လေ့လာမှု ၅၀ က လေ့လာတွေ့ရှိချက်တွေကို စိစစ်သုံးသပ်ခဲ့ကြပါတယ်။ အပြာဇာတ်ကားကြည့်ရှုမှုက အပြန်အလှန်စိတ်ကျေနပ်ရစေမှုလျှော့နည်းခြင်းနဲ့ ဆက်စပ်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

အင်တာနက်လိုင်းမြန်ဆန်လာမှုကြောင့် ၁၃နှစ်အရွယ်တွေတောင် တစ်ရက်တည်းအတွင်း ဇာတ်ကားပေါင်း တစ်ဒါဇင်လောက် ကြည့်ရှုနိုင်ကြပါတယ်။ ဒီသုတေသနလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က အမျိုးသားတို့ရဲ့ လိင်မှုကိစ္စအပေါ် အပြာဇာတ်ကားရဲ့ အကျိုးသက်ရောက်မှုနှင့် အမျိုးသားနဲ့ အမျိုးသမီးများရဲ့ သိမြင်နားလည်မှု ဘယ်လိုပုံသွင်းထားကြောင်း  လေ့လာသိရှိဖို့ဖြစ်ကြောင်း ပါရဂူ Simon Lajeunesse က Daily Mail ကို ပြောပြခဲ့ပါတယ်။

0 comments:

အစားအသောက်

ရဲရင့်သူတို့ငါးပိရည်



အခုဖော်ပြမယ့်ငါးပိရည်ကိုခပ်ပြင်းပြင်းလေးဖော်စပ်ထားပါတယ်။ခံတွင်းပျက်နေသူတွေအတွက်၊ငါးပိရည်တစ်မျိုးတည်းနဲ့နယ်စားချင်သောအရသာခပ်ပြင်းပြင်းကြိုက်သူတွေအတွက်ရည်ရွယ်ပါတယ်။ငါးပိရည်နဲ့နယ်စားတိုင်းမီးဖုတ်ပြီးလုံးခြမ်းကွဲရုံလောက်သာခြေထားတဲ့အာဝါးသီး(ခ)ကုလားအော်ငရုတ်သီးဖတ်တွေနဲ့နယ်စားရမှာပါ။ဒါကြောင့်ရဲရဲရင့်ရင့်အစပ်ကြိုက်သူများအတွက်တော့"ရှယ်"လို့ပဲပြောပါရစေ။

ပါဝင်သောပစ္စည်းများ


  1. ငါးခူသေးသေး...........၁ကောင်
  2. ပုစွန်ခြောက်..............၁ဇွန်း
  3. ငရုတ်သီးစိမ်း.............၂၀တောင့်
  4. ကြက်သွန်ဖြူ............... ၅တက်
  5. အာဝါးသီး..................၁၀တောင့်
  6. ငါးပိရည်....................၁၀ကျပ်သား



  • ငါးပိရည်ကိုနနွင်းမှုန့်လေးအနည်းငယ်နှင့်အတူကျနေအောင်ကျို ပြီးစစ်ထားပါ။



  • ငါးခူကိုသန့်စင်ပြီးမီးကင်ကာအသားနွှာထားပါ။



  • ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပါ။ လှော်နေစဉ်အချိန်အတွင်းဆီလေးတစ်စက်၊နှစ်စက်ထည့်လှော်ပါ။



  • အားဝါးသီးတွေကိုဝါးတုတ်တံလေးတစ်ချောင်းမှာတံစို့ထိုးသီပြီးနွမ်းအိမွှေးပျံ့နေအောင်ကင်ပါ။



  • လှော်ထားသောအရောကိုညှက်အောင်ထောင်းပြီးပြင်ဆင်မယ့်ပန်းကန်လုံးထဲထည့်ပါ။အသားနွှာထားတဲ့ငါးခူကင်လေးတွေကိုမွချေပြီးထည့်ပါ။ဟင်းခတ်မှုန့်အနည်းငယ်ဖြည့်ပါ။



  • အရည်စစ်ထားတဲ့ငါးပိရည်ကိုအနည်းငယ်အပူပြန်ပေးပြီးပန်းကန်ထဲသို့လောင်းချပါ။



  • မီးကင်ထားတဲ့အာဝါးသီးတွေကိုချေထည့်ပါ။


ကဲဘယ်လောက်စပ်ပြီး..ဘယ်လောက်အရသာရှိလဲစမ်းကြည့်ကြပါခင်ဗျ ။

0 comments:

အစားအသောက်

ရေငုပ်ကန်စွန်းနှင့်ဖက်စွတ်မှိုကြော်ချက်


ရေငုပ်ကန်စွန်းဆိုတာသဘာဝရေကန်ကြီးတွေ၊အင်း၊အိုင်၊ချောင်းကမ်းနားတွေမှာအလေ့ကျပေါက်လေ့ရှိတဲ့သဘာဝပေါက်ပင်ဖြစ်ပြီးအခုလိုမိုးဦးကျရာသီစာတစ်မျိုးလည်းဖြစ်ပါတယ်။

ဇရစ်၊ ဒရင့်ကောက်တို့လိုပုံစံမျိုးဖြစ်ပြီးသူတို့လိုပဲအစိမ်းရောင်၊အညို ရောင်အပင်ညွှန့်ပေါက်လေးတွေဖြစ်ပါတယ်။ချက်ပြုတ်ပြင်ဆင်ပြီးသားဟင်းပွဲမှာအရွက်ကိုမမြင်နိုင်မှာဖြစ်တဲ့အတွက်ပြင်ဆင်ထားပုံလေးကိုပဲဖော်ပြပေးလိုက်ပါတယ်။ဒီဟင်းပွဲရဲ့ပုံကိုတော့ကျွန်တော့်ရဲ့ညီတပည့်တစ်ယောက်ကပံ့ပိုးကူညီပေးထားတာပါ။

ပါဝင်သောပစ္စည်းများ


  1. ရေငုပ်ကန်စွန်း............၃စည်း
  2. ဖက်ဆွတ်မှို.................၁၀ကျပ်သား
  3. ကြက်သွန်နီ.................၁ခြမ်း
  4. ကြက်သွန်ဖြူ.................၃တက်
  5. ငရုတ်သီးစိမ်း................ ၅တောင့်



  • ရေငုပ်ကန်စွန်းကိုနုတဲ့အပိုင်းလေးတွေရွေးပြီးဖဲ့ခြွေပါ။
  • ဖက်ဆွတ်မှို(သို့)တောင်ပို့မှို ကိုလည်းသန့်စင်ဖဲ့ခြွေပါ။


  • ကြက်သွန်နီကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကိုနုပ်နုပ်စဉ်းထားပါ။ 


  • ငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲလှီးပါ။



  • ဒယ်အိုးတစ်လုံးကိုဆီပါသည်ဆိုရုံလေးနှင့်အပူပေးပြီးကြက်သွန်နီကိုဆီသတ်ပါ။ချက်ချင်းဆိုသလိုဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းတွေထည့်ဆီသတ်ပါ။



  • အနည်းငယ်မွှေးလာလျှင်မှိုတွေထည့်ကြော်ပါ။



  • ထို့နောက်ရေငုပ်ကန်စွန်းတွေထည့်ပြီးအဖုံးခဏအုပ်ထားပေးပါ။


မှို၊ကန်စွန်းဟင်းပွဲထက်ထူးခြားသောရာသီစာဟင်းပွဲလေးဖြစ်ပါတယ်။

0 comments:

အစားအသောက်

ဒညင်းသီးနှင့်ရွှေပုစွန်ခြောက်ငါးပိချက်


ပါဝင်သောပစ္စည်းများ
  1. ဒညင်းသီးပြုတ်...........၁၀လုံး
  2. ရွှေပုစွန်ခြောက်...........၂ဇွန်း
  3. စိမ်းစားငါးပိ.. ..............၁ဇွန်း
  4. ငရုတ်သီးစိမ်း.. ...........၁၅တောင့်ခန့်
  5. ကြက်သွန်နီ.. .............၁လုံး
  6. ကြက်သွန်ဖြူ.. ...........၅တက်
  7. ခရမ်းချဉ်သီးမှည့်မှည့်..၅လုံးခန့်


  • ဒညင်းသီးပြုတ်ကိုထက်ခြမ်းခွဲပြီးအညှောင့်လေးတွေထုတ်ပေးပါ။ထိုအညှောင့်လေးကအခန့်မသင့်ရင်အစာအဆိပ်တက်တဲ့ဓာတ်ကိုဖြစ်ပေါ်စေတတ်ပါတယ်။


  • ထက်ခြမ်းခွဲပြီးငရုတ်ဆုံမှာထောင်းပြားပြားပေးပါ။


  • ငါးပိကိုရေခပ်နွေးနွှေးနှင့်ဖျော်ထားပါ။


  • ကြက်သွန်နီ၊ဖြူနှင့်ငရုတ်ခြောက်၃တောင့်လောက်ကိုရောပြီးညှက်နေအောင်ထောင်းပါ။


  • ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းကိုခပ်ကြမ်းကြမ်းလှီးပါ။


  • ဒယ်အိုးတစ်လုံးမှာထောင်းထားသောအရော၊ခရမ်းချဉ်သီး၊ရွှေပုစွန်ခြောက်တို့ကိုနနွင်းမှုန့်၊အနည်းငယ်နှင့်အတူရောထည့်ပြီးဆီအနည်းငယ်လောင်းထည့်ပါ။


  • အဖုံးအုပ်ပြီးမီးအေးအေးမှာဆီပြန်အောင်ချက်ပေးပါ။


  • ဆီပြန်လာလျှင်ထောင်းပြားထားတဲ့ဒညင်းသီးတွေထည့်ချက်ပါ။


  • ၃မိနစ်ခန့်ဆက်ချက်ပြီးလျှင်အရည်ဖျော်ထားတဲ့ငါးပိကိုလောင်းထည့်ပြီးငရုတ်သီးစိမ်းတွေထည့်ပါ။


  • အဖုံးအုပ်ပြီးရေခမ်းသည်အသည်ဆက်ချက်ပေးပါ။


  • အရသာအတိုးအလျှော့ချိန်ဆပြီးရင်ထမင်းမြိန်တဲ့ဒညင်းသီးငါးပိချက်လေးတစ်ခွက်ရပါပြီ။


သတိပြုရန်။ ။ဒညင်းသီးစားလိုအဟာရမဖြစ်ဘူးဆိုပေမယ့်လဲဒညင်းသီးကိုမရှောင်နိုင်ကြတာကြောင့်အလွန်အကျွံစားသုံးခြင်းကိုသတိထားပြီးရှောင်ကြဉ်ကြပါလို့အသိပေးအပ်ပါတယ်။

0 comments:

ကျန်းမာရေး

အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)



အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင် Peptic Ulcerဆိုသည်မှာ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိက အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်..အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသားသော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..

အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့ ပက်ပ်ဆင်
(Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး (Mucosa) တွေဟာ ပုံမှန်အား
ဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်းတစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်း
လာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေးကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်.. အ
နာ ဖြစ်စေတဲ့ အဓိက အကြောင်း(၂)ချက် ကတော့

အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်းတို့ ဖြစ်ပါတယ်..

H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်ကြောင်း WHO
မှ ခန့်မှန်း ထားပါတယ်.. H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း (Gastritis) ဖြစ်သူများရဲ့ ၉၀%
ဟာ ဘာလက္ခဏာမှ မပြပဲ ရှိနေပါတယ်.. Duodenal Ulcer ရှိသူများ၏ ၉၅% ၊ Gastric Ulcer ရှိသူများ၏
၈၀% သည် H.pylori ပိုး ကူးစက်ခံ ထားရပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်.. H.pylori ပိုးဟာသွေးနွေး သ
တ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ် အစာအိမ် ထဲမှာ ရှင်သန်နေ
ထိုင် ပေါက်ဖွား ကြ ပါတယ်..ကူးစက်နည်း ကတော့ မစင်မှ အစားအစာ၊ ရေ ကနေ တစ်ဆင့် ကူးစက်ပါ
တယ်..

နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲ ပျောက်ဆေး
ကို တာရှည်စွာ သုံးစွဲ ခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာ တတ်ပါတယ်.. Diclofenac, Ibuprofen,
Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic Ulcer) ဖြစ်စေပါတယ်..Acetamino-
phen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်ပေါ်စေပါ..

ဆေးလိပ် သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမက ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများကို
လည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင် ဆေးကုသမှု ကိုလည်း ကြန့်ကြာစေပါတယ်..စိတ်ဖိစီးမှု
(Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ် ရောဂါ ဖြစ်စေတယ်လို့ အရင်က ယူဆခဲ့သော်
လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်..


  • အစာအိမ်နာ ရောဂါ လက္ခဏာများမှာ

ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်းများသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာ လာတတ်ပါတယ်..ရင်ပူရင်ကယ်ဖြစ်ခြင်း
လေထလေတက်ခြင်း (bloating & belching)အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်းအော့အန်ခြင်း၊ သွေးအန်ခြင်း(Hematemesis)၊ ဝမ်းအမဲသွားခြင်း(Melaena)တို့ ဖြစ်ပါတယ်..
ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်များအစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာ ရှိမရှိ သိနိုင်ပါတယ်..H.pylori ပိုးရှိမရှိ စမ်းသပ်ရန်အစာအိမ်ကြည့် မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာ ကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်Urea Breath Test ၊ သွေး နှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်..

  • ဆေးကုသမှု

ဆေးကုသမှု အပိုင်းတွင် ဆရာဝန် ညွှန်ကြားသော ဆေးကိုအတိအကျ လိုက်နာ သောက်သုံးရန် လိုအပ်
သလို လူနာ အပိုင်းမှလည်း ရှောင်ကြဉ် စရာများကို လိုက်နာဖို့ လိုအပ်ပါတယ်.. အစာအိမ်နာ ရှိသူသည်
ဆေးလိပ် လုံးဝ (လုံးဝ) ဖြတ်ရန်အစပ်စာ၊ ကော်ဖီ၊ အရက် ရှောင်ရန်အကိုက်အခဲ ပျောက်ဆေး လုံးဝ ရှောင်ကြဉ်ပြီး အစာအိမ် မထိခိုက်သော အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရန်အနာကျက်စေရန်H2 Receptor Antagonist ဆေးများ၊ ဥပမာ- Cimetidine , RanitidineProton Pump Inhibitor ဆေးများ၊ ဥပမာ-Omeprazole , Lansoprazole တို့ကို သောက်နိုင်ပါတယ်..အများစု မှာ H.pylori ပိုး ကူးစက်ခံရမှု ရှိသဖြင့် H.pylori ပိုး ရှင်းလင်းသုတ်သင် ဖို့
ဆေး(၃)မျိုးကို တစ်နေ့ ၂ ကြိမ် ၁၀ ရက် မှ ၁၄ ရက်ထိ သောက်ရန် လိုအပ်ပါတယ်..
Omeprazole 20 mg (or) Lansoprazole 30 mg twice daily
Metronidazole 500 mg (or) Amoxicillin 1 g (1000 mg) twice daily
Clarithromycin 500 mg twice daily

ဒီဆေးများကို သောက်ပြီးနောက် Omeprazole (or) Lansoprazole ကို အနာ လုံးဝ ပျောက်ကင်း
အောင်အတွက် (၄)ပတ် မှ (၆)ပတ်ထိ ဆက်သောက်ရန် လိုအပ်ပါတယ်..

ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
အစာအိမ် သွေးယိုခြင်းအစာအိမ်ပေါက်ခြင်းအစာအိမ် အထွက်ပိတ်ခြင်း (Gastric Outlet Obstruction - GOO)Duodenal Ulcer အနာကျက်ပြီးနောက် အူသိမ်ဦး ကျဉ်းပြီး အစာအိမ် ထွက်ပေါက် ပိတ်သွားတတ်ပါတယ်.. ဒီရောဂါ ဖြစ်ရင် နေ့စဉ် အန်တတ်ခြင်း၊ အရည်ခန်းခြောက်မှု ရှိခြင်း (Dehydration) တို့ ဖြစ်ပေါ်လာပါတယ်..

1 comments:

ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease)



နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင် ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက် လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေ ရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ် မနား စည်းချက် မှန်မှန် ညှစ် ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ် ရောက်ပါက နှလုံး ခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီ လီယံ ကျော် ခုန်ပြီး ဖြစ်ပါ တယ်.. ဒီလို အချိန် ပြည့် လုပ်ဆောင် နိုင်အောင် နှလုံး ကြွက်သား အတွက် အောက်စီ ဂျင်နဲ့ အာဟာ ရကို နှလုံး သွေးကြော (Coronary Arteries) များက ထောက်ပံ့ ပေးနေ ရပါတယ်.. အကြောင်း အမျိုးမျိုး ကြောင့် နှလုံး သွေးကြော များဟာ ကျဉ်းမြောင်း လာပြီး နှလုံး ကြွက်သား အတွက် အောက်စီ ဂျင်နဲ့ အာဟာ ရကို လုံလောက်စွာ မထောက် ပံ့နိုင်တော့ တဲ့အခါ နှလုံး သွေးကြော ကျဉ်း လက္ခ ဏာများ ပေါ်ပေါက် လာပါ တယ်.. အမေရိကန် နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာ မှမပြပဲ နှလုံး သွေးကြော ကျဉ်း ရောဂါ ဖြစ်ပေါ် နေပါတယ်..


  • နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ


သွေးတိုးရောဂါ (Hypertension)သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)ဆေးလိပ်သောက်ခြင်း (Smoking)တို့ဖြစ်ပါတယ်...

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့ဆီးချိုသွေးချိုရောဂါ (Diabetes)စိတ်ဖိစီးမှုများခြင်း (Stress)အဝလွန်ခြင်း (Overweight)လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)တို့ဖြစ်ပါတယ်..


အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..

နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်းရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်း နှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊ပျို့အန်ခြင်း၊အလွန်အမင်း ချွေးထွက်လာခြင်း၊အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..



  • ရောဂါစမ်းသပ်စစ်ဆေးချက်များ

Exercise Electrocardiogram (ECG) ရိုက်ခြင်း၊Cardiac CatheterizationTube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..


  • လိုက်နာရမည့်အချက်များ

တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ..ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်..သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်..သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထား သည်များကို လိုက်နာရန်..စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်..

  • ဆေးဝါးကုသမှု

ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ ။သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....။သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)။ခွဲစိတ်ကုသမှုအနေဖြင့်-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..။

0 comments:

ကျန်းမာရေး

သွေး



သွေးဆိုတာ သာမန်မျက်စိနဲ့ကြည့်ရင် နီတဲ့အရည်လို့သာ မြင်ပါလိမ့်မယ်။ တကယ်ကသွေးမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ သွေးဥနီ (သူ့ကြောင့်အနီရောင်ဖြစ်တာပါ)၊ သွေးဥဖြူ (အရောင် မရှိပါဘူး)၊ သွေးဥမွှား (အသားစအမွှာလို အရွယ်အစားအမျိုးမျိုးရှိပါတယ်)၊ တွေဟာ အ၀ါနု ရောင်ရှိတဲ့ သွေးရည်ကြည်ထဲမှာ မျောနေကြတာပါ။

     ဒါကို လက်တွေ့သိချင်ရင်တော့ လူ (၀ါ) တိရ စ္ဆန်ရဲ့ သွေး အနည်းငယ်ကို ပုလင်းဖြူ တစ်လုံးထဲမှာ ထဲ့ထားလိုက်ပါ။ သွေးခဲသွားတဲ့အခါ (သွေးခဲဆိုတာ သွေးဥတွေအားလုံး စုပြီးခဲသွားတာပါ) သွေးခဲအပြင် အ၀ါနုရောင်ရှိတဲ့ သွေးရည်ကြည်ကို တွေ့ရပါလိမ့်မယ်။ လူတွေရဲ့ သေးဥနီက နှစ်ဖက်ခွက်တဲ့အ၀ိုင်း လုံး တွေပါ နှစ်ဖက်မြင် (Two dimension) တဲ့ မှန်ဘီးဘူးအောက်မှာ အ၀ိုင်းပြားတွေအနေနဲ့ တွေ့ရပါတယ်။

    “သွေးဟာ အသက်” လို့ပြောတဲ့ အတိုင်း၊ သွေးမရှိရင် အသက်မရှင်နိုင်ပါဘူး။ ကျမတို့ ကိုယ်ထဲမှာသွေး ၅ လီတာခန့် ရှိပါတယ်။ သွေးတွေ သွေးကြောတွေထဲကနေ ကိုယ်ခန္ဓာရဲ့ အတွင်းသို့ (၀ါ) အပြင်သို့ အချိန်အနည်းငယ်အတွင်း ထွက်သွားရင်ထွက်သွားတဲ့သွေးရဲ့ ပမာဏပေါ်မူတည်ပြီး အဆင့်လေးဆင့် ခွဲနိုင်ပါတယ်။ သွေး ၅ လီတာရဲ့ (၁၀-၁၅%)  ထွက် သွားရင် ကျန်းမာသောလူမှာ ဘာပြဿနာမှ မဖြစ်ပါဘူး။ ဘာမှလည်း လုပ်စရာ မလိုပါဘူး။ သွေးလှူတဲ့အခါ သွေး (၈-၁၀%) ယူတာမို့ကျန်းမာရေးကို မထိခိုက်စေပါဘူး။ (၁၅-၃၀%) ဆိုရင်တော့ နှလုံးခုန် မြန်လာပါတယ်။ လက်ဖျားခြေဖျားတွေ ဖြူပြီး အေးလာ ပါတယ်။ အဲ့ဒီ အခါမျိုးမှာ သွေးဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းဖို့ လိုပါလိမ္မယ်။ သွေးသွင်း ဖို့ မလိုသေးပါဘူး။ (၃၀-၄၀%) ဆိုရင်တော့ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိမေ့ ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးသွင်းဖို့ လိုအပ်ပါတယ်။ သွေးမရခင် သွေး ဒုထယ် (volume) ပြန်ပြည့်အောင် ဆားရည် သွင်းထားရပါမယ်။ (>၄၀%) ဆိုရင်တော့ သွေး အမြန်ဆုံးသွင်းခြင်း၊ ဆားရည်များသွင်းခြင်းများကို အမြန်ဆုံး လုပ်ရပါမယ်၊ အချိန်နောက်ကျ ပါက သေဆုံးနိုင်ပါတယ်။

   သွေးတွေက ကိုယ်ခန္ဓာမှာရှိတဲ့ဆဲလ် (cell)တွေ လိုအပ်တဲ့အောက်ဆီဂျင် (Oxygen) ကို အဆုတ်ကနေ သယ်ပေးပါတယ်။ ကိုယ်ခန္ဓာအတွက်အန္တရာယ်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (Carbondioxide) ခေါ်တဲ့ ဆဲလ်ထဲကထွက်လာတဲ့  အဆိပ်ဓါတ်ငွေ့တွေကို အဆုတ်ဆီကို ပြန်သယ်သွားပေးပြီး၊ အဆုတ်ကတဆင့် လေထုထဲကို ထုတ်ပါတယ်။

     အောက်ဆီဂျင်အပြင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အစာတွေကို အစာချက်ရာ အစာ လမ်းကြောင်းမှ ဆဲလ်တွေဆီကို ပို့ပေးပါတယ်။ ဆဲလ်တွေဆီက ထွက်လာတဲ့အဆိပ်တွေကို အသဲ ဆီပို့ပေးပါတယ်။ အသဲမှာ အဆိပ်တွေကို အဆိပ်အတောက်ပျောက် (Detoxification) အောင် လုပ်ပါတယ်။ အသဲက မချေဖျက်နိုင်တဲ့အဆိပ်တွေကို ကျောက်ကပ်ကို ပို့ပေးပြီး ကျောက်ကပ်က ဆီးအနေနဲ့ အပြင်ကို ထုတ်ပြစ် ပါတယ်။

     သွေးမှာရှိတဲ့ သွေးဥနီတွေကအောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ အဲ့ဒီအလုပ် အတွက်သွေးဥနီမှာရှိတဲ့ အနီရောင်ဟီမိုဂလိုပင် (Hemoglobin) လိုအပ်ပါတယ်။ ဟီမိုဂလိုပင်နဲ့ အောက်ဆီဂျင်ပေါင်းတဲ့အခါ သွေးဟာ အနီရဲရဲ အရောင် ရှိပါတယ်။ အဲ့ဒီသွေးတွေက သွေးလွှတ်ကြောတွေ (arteries) ထဲမှာရှိပါတယ်။ ဟီမိုဂလိုပင်နဲ့ကာဘွန်ဒိုင်အောက်ဆိုက် ပေါင်းရင် သွေးဟာ နီညိုရောင်ရှိပါတယ်။ ဒီသွေးတွေ ကို သွေးပြန်ကြော (Veins)တွေကတဆင့် အဆုတ်ဆီကို ပို့ပေးပါတယ်။ အဆုတ်ကနေ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကို လေထဲသို့ မှုတ်ထုတ် လိုက်ပါတယ်။

သွေးပြန်ကြောတွေက နံရံပါးပြီး ကိုယ်ရဲ့အပြင်ပိုင်း မြင်လွယ်တဲ့နေရာတွေမှာရှိပါတယ်။ သွေးလွှတ်ကြောတွေကတော့ ကိုယ်အတွင်းပိုင်း ကြွက်သား (Muscles) တွေကြားမှာရှိလို့ မမြင်ရပါဘူး။

     သွေးထုတ်စစ်ဆေးတဲ့အခါ သွေးပြန်ကြောတွေဆီက သွေးကို ထုတ်ပြီး စစ်တာပါ။ သွေးတစ် စက်မှာ သွေးဥနီတွေ သန်းပေါင်းများစွာ ပါရှိပါတယ်။

သွေးအားနည်းတယ်ဆိုတာ သွေးဥနီတွေ နည်းတာကို ပြောတာပါ။ ဟီမိုဂလိုပင်မှာ သံဓါတ် (Iron) နဲ့ ပရိုတင်းခေါ် (Protein) အသားဓါတ် ပါ ပါတယ်။ သံဓါတ်နဲ့ အသားဓါတ် နည်းရင် ဟီမိုဂလိုပင်လည်း နည်းတာမို့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။ ပရိုတင်းက ဟီမိုဂလိုပင်အပြင် အခြားသော ကိုယ်အစိတ် အပိုင်းတွေမှာလဲ အများအပြား ပါဝင်တာမို့ ပရိုတင်းနည်းရင် သွေးအားနည်းရောဂါအပြင် အခြားရောဂါ   တွေလဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားပဲ နည်းတယ် ဆိုရင်တော့ သံဓါတ်ကြောင့်ပါ။ သံဓါတ်က အစားအစာက ရပါတယ်။

          သာမန်မျှတတဲ့အစာ စားသူ၊ သက်သတ်လွတ်စားသူများမှာတောင် သံဓါတ် အစား နည်းလို့ သွေးအားနည်းတာ မဖြစ်ပါဘူး။ (အရှင်ဆန္ဒဓိက၏ သွေးအလှူနဲ့ပါရမီ (၁၀) ပါး စာအုပ်မှာ မည်သည့် အစားအစာများတွင် သံဓါတ် ပါကြောင်း အသေးစိတ် ရေးသားထား ပါတယ်)။

အများဆုံး သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းက ကိုယ်ထဲက သွေးတွေ အပြင် ထွက် သွားတာကြောင့်ပါ။

    အမျိုးသမီးများမှာ ဓမ္မတာသွေး အနေနဲ့ လစဉ်သွေးများအပြင်ထွက်တာမို့ အစာထဲမှာ သံဓါတ် လုံလောက်စွာမပါရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး များမှာ သွေးအားနည်း ရောဂါ အဖြစ်များ ပါတယ်။ အမျိုးသားများ သွေးအားနည်းတယ် ဆိုရင်တော့ သွေးထွက်တဲ့ရောဂါ တစ်ခုခု ကို ရှာဖွေရပါမယ်။ ဥပမာ။ သွေးထွက်နေတဲ့ ကျောက်ကပ် ရောဂါ၊ အူနာရောဂါ၊ အစာအိမ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ စသည်တို့ပါပဲ။

     ကိုယ်ထဲက သံဓါတ်က သွေးအနေနဲ့သာ ကိုယ်ခန္ဓာအပြင်ကို ထွက်နိုင်ပါတယ်။ ကိုယ် ခန္ဓာအနေနဲ့ ပိုနေတဲ့ သံဓါတ်ကို ထုတ်ပြစ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် သံဓါတ်ကို ကိုယ်ထဲကို ထိုးသွင်းခြင်း (အသားထဲသို့ ထိုးသွင်းခြင်း၊ အကြောထဲသို့ ထိုးသွင်းခြင်း) များကို တကယ် လိုအပ်မှသာ ပြုလုပ်သင့် ပါတယ်။ သွေးအားကောင်းအောင်ဆိုပြီး အလကား မထိုးသင့်ပါဘူး။

     သံဓါတ်ကို အသားထဲထိုးထားရင် ထိုးတဲ့နေရာက အသားထဲမှာရှိနေတဲ့သံဓါတ်ကြောင့် ထိုးတဲ့နေရာကို ညိုမဲ စေပါတယ်။ အကြောထဲထိုးလိုက်တဲ့ အပိုသံဓါတ်တွေက  အသဲ၊ နှလုံး၊ ပင်ကရိယ စတဲ့ အင်္ဂါတွေမှာ သွားစုရင် အသဲရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါ တယ်။ ဒီဘေးထွက်ရောဂါတွေကြောင့် သွေးခဏခဏသွင်းရတဲ့  မွေးရာပါ သွေးအားနည်း ရောဂါဖြစ်တဲ့သလဲစီးမီးရာ (Thalassemia) လူနာတွေသေဆုံးနိုင်ပါတယ်။ ယခုအခါ တိုးတက်တဲ့ နိုင်ငံတွေမှာ ကိုယ်ထဲက သွေးသွင်းလို့ ပိုနေတဲ့ သံဓါတ်တွေကို စက်နဲ့ပြန်စုပ် ထုတ်ပါတယ်။ ဒါကြောင့် “တန်ဆေး၊လွန်ဘေး” တဲ့။

    ဆေးပညာတွေတိုးတက်နေပေမဲ့ လူ့ရဲ့သွေးဥနီကိုတော့ မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့် သွေး အရေးပေါ်လိုတယ်ဆိုရင် အခြားလူတစ်ဦးဆီက သွေးကိုသွင်းပေး ရပါတယ်။ သူတစ်ပါး ရဲ့သွေး သွင်းခြင်း ရဲ့ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သွေးလိုမယ်ဆိုတာ ကြိုသိတဲ့ ခွဲစိပ် ကုသမှု (Planned operation) များမှာ မခွဲစိပ်ခင် လူနာရဲ့သွေးကို တစ်ပတ်၊ နှစ်ပတ်က ကြို ထုတ်ထားပြီး ခွဲစိတ်တဲ့အခါ သူ့သွေးကိုပဲ ပြန်သွင်းပေးတဲ့ အော်တို သွေးသွင်းခြင်း (Autotransfusion) ကို လုပ်နိုင်ပါတယ်။

     သွေးဥနီတွေက အမြဲရှင်သန်နေတာ မဟုတ်ပါဘူး လူတွေလိုပဲ မွေးလိုက် သေလိုက် ဖြစ်နေတာပါ။ သွေးဥနီရဲ့သက်တန်းက (၃) လ ပါ။ သွေးတစ်စက်မှာ အသစ်မွေးဖွါးလာတဲ့ သွေးဥနီတွေ၊ အသက်ကြီးလို့ သေခါနီးတဲ့ သွေးဥနီတွေ၊ အသက်ငယ်သေးတဲ့ သွေးဥနီတွေ၊ အသက်လတ်တန်း သွေးဥနီတွေ ရောနေ ပါတယ်။ သူတို့အားလုံးရဲ့ ဖြန်းမျှအသက်ကို ယူမယ် ဆိုရင် တစ်လခွဲပါ။

သွေးတွေကို ကိုယ်ထဲကထုတ်ပြီး အမြဲတန်း (+ 5 C) ၅ ဒီဂရီ စင်တီဂရိတ် ထားနိုင်မှ သွေးသွင်း ခံရတဲ့ လူနာရဲ့ကိုယ်ထဲမှာ အသုံးဝင်သေးတဲ့ အသက်ရှင်နေသေးတဲ့ သွေးဥနီက သုံးပုံတစ်ပုံလောက်ပဲ ရှိပါတော့တယ်။ သွေးထုတ်ထားတာ တလကြာပြီဆိုရင်တော့ လူနာ အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမှာမို့ တလကြာတဲ့ သွေးတွေကို လူနာထဲ သွင်း ပေးလို့ မရပါဘူး။

     လွန်ခဲ့တဲ့နှစ် (၃၀) က တောင်ကြီးမြို့မှာ လျှပ်စစ် ၂၄ နာရီ မရလို့ သွေးလှူရှင်ဆီက  သွေးထုတ်ပြီး အအေးခန်းမှာသိမ်းတဲ့ သွေးဘဏ်အလုပ်ကို မလုပ်နိုင်ပါဘူး။ အရှင် သွေး လှူရှင်စနစ် (Living donor) ကို အသုံးပြုရပါတယ်။ သွေးလှူရှင်တွေရဲ့ တဲလီဖုန်းနံပါတ် (ခေတ်ပေါ်လက်ကိုင်ဖုန်းတွေ မရှိသေးလို့)၊ များသောအားဖြင့် အိမ်လိပ်စာယူထားပြီး သွေးလို တဲ့အခါ သွေးလှူရှင်ကို အိမ်လိုက် ခေါ်ရပါတယ်။ အခုလှူ၊ အခု လူနာသွေးနဲ့တဲ့မတဲ့ စစ်ပြီး ချက်ချင်းသွင်းရတာမို့ ကူးဆက်တတ်တဲ့ ရောဂါတွေ စစ်ဖို့ အချိန်မရပါဘူး။ တော်ပါသေးရဲ့ ဆိုးဝါးတဲ့ AIDSရောဂါတွေ မပေါ်သေးလို့။

          ဆေးပညာ အသိဉာဏ်နည်းပါးတဲ့ တောင်သူတွေဟာ သူတို့ကိုယ်ထဲက သွေးထုတ်ရင် သွေးအား နည်းသွားမယ်ထင်ပြီး သူတို့အမျိုးသမီး ကိုယ်ဝန်ကြောင့် သွေးဆင်း လွန်ပြီး သေနိုင်တဲ့အချိန်မှာတောင် သွေးပေးဖို့ ငြင်းဆန်ကြပါတယ်။ ဒီတော့ တောင်ကြီးမြို့ကဆရာဝန်တွေ ဆရာဝန်သိက္ခာ (Doctor`s ethique )  နဲ့လူ့အခွန့်အရေး (Human rights )ဆိုတာတွေကို ဘေးချိတ်ပြီး လူနာလာပို့တဲ့သူ (လူနာလာပို့ရင် ဂျစ်ကား တစ်စီးနဲ့ အပြည့် လာပို့လေ့ ရှိပါတယ်) အားလုံးကိုစမ်းသပ်ပြီး သွေးလှူနိုင် သူတွေဆီက အတင်း အားဓမ္မထုတ်ယူ ရပါတယ်။

    တကယ်က ဆရာဝန် သိက္ခာနဲ့ လူ့အခွန့်အရေး ဆိုတာတွေက မသမာသူတွေ မတရား မလုပ်နိုင်အောင် သတ်မှတ်ထားရတဲ့ ဥပဒေ တွေပါ။ ဒီလိုမှ သွေးမဖေါက်ရင် လူနာရော၊ ခလေးပါ ဆုံးရမှာပါ၊ ပြီးတော့ သွေးဆိုတာ လူလိုပဲ သူ့သက်တန်း ၃ လပြည့်ရင် ထုတ်ထုတ် မထုတ်ထုတ် သေတာပါပဲ။

          သွေးဥနီတွေရဲ့ သဘာဝကို သိရတော့ အို၊ နာ၊ သေ တဲ့ လူ့ဘ၀ကို ပိုပြီး တရားရ မိပါ တယ်။ အမှန်တော့ သွေးဥနီမှ မဟုတ်ပါဘူး၊ ကိုယ်ထဲမှာရှိတဲ့ ဘယ်အရာမှ မမြဲပါဘူး။ ယခင်ကဆေးပညာမှာ မသေဘူး၊ အမြဲတည်တဲ့ ( Permanent cells) လို့ ထင်ခဲ့တဲ့ အရိုး ဆဲလ် (Bone cells) တွေလဲ မွေးသေ ဖြစ်နေကြတာ ဆေးပညာတိုးတက်လာမှ သိကြရပါ တယ်။ မွေးသေတွေနဲ့ စုစည်းထားတဲ့ ကျမတို့ရဲ့ခန္ဓာ ကိုယ်ကြီး မမြဲဘူး၊ အမြဲသေနေတယ် ဆိုတာ “သွေးထွက်အောင် မှန်တယ်” လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။

    သွေးဥနီတွေကို ရိုးတွင်းချင်ဆီက ထုတ်ပါတယ်။ တနည်းသူတို့ကို သွေးဥနီတွေရဲ့ သားဖွါးဆေးရုံ၊ သွားဖွါးခန်းလို့ ပြောရပါမယ်။ သေသွားထဲ့ သွေးဥနီတွေကိုတော့ သရက်ရွက် မှာ ရှင်းလင်းပြစ်ပါတယ်။ သူကတော့ သွေးဥနီတွေရဲ့သင်္ချိုင်းပေါ့။ သွေးဥနီတွေ သေတာများ တဲ့ အချို့သောရောဂါသည်တွေမှာ သရက်ရွက်ကြီး လာတတ်ပြီး၊ အသဲကလည်း ကူညီ ရှင်း ပေးတာမို့ အသဲပါနည်းနည်းကြီး လာတတ်ပါ တယ်။ သင်္ချိုင်းဟောင်း မဆန့်လို့ သင်္ချိုင်း အသစ် လုပ်တယ်လို့ ပြောရမယ် ထင်ပါတယ်။

0 comments:

ကျန်းမာရေး

လက်မောင်းအဆီတွဲကျတာတွေ ကျစ်လစ်ချင်လား



လက်မောင်းမှာအဆီတွေရှိနေလို့ လက်ပြတ်နဲ့လက်တို ၀တ်ရမှာ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မိန်းကလေးတွေအတွက်တော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်မှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲ လက်မောင်းအဆီတွေရှိပြီး တွဲကျနေပါစေ ဒီလေ့ကျင့်ခန်းကို လုပ်ပြီးတာနဲ့ ကျစ်လစ်တဲ့ လက်မောင်းကို ပိုင်ဆိုင်ရပါပြီ။ ဘယ်လိုလေ့ကျင့်ခန်းတွေလည်း လုပ်ရမလဲဆိုတော့….. 
Xcofx9frgwa86e3bcfbs
မတ်တပ်ရပ်ထားပြီး လက်တစ်ဖက်စီမှာ တစ်ပေါင်တုံး(သို့မဟုတ်) တစ်လီတာဆန့် ရေသန့်ဘူး ကိုင်ထားပေးပါ။ လက်ကို ပေါင်ဘေးမှာ ကပ်ထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ဘက်သို့ ဆန့်ထုတ်ကာ V ပုံသဏ္ဍန်ထားပါ။ (၅) စက္ကန့်လောက် ထားပြီးတဲ့အခါ မူလပုံစံ ပြန်နေပေးပါ။
P0ncna2qvon8d4qonvjt
ခြေထောက်ကို အနည်းငယ်ခွဲပြီး မတ်တပ်တန်းတန်း ရပ်ပါ။ လက်တစ်ဖက်စီမှာ တစ်ပေါင်တုံး(သို့မဟုတ်) တစ်လီတာဆန့် ရေသန့်ဘူးကိုင်ထားပေးပါ။ လက်ကို တံတောင်ဆစ်ကနေ ကွေးပြီး ပခုံးကို ထိထားပါ။ ပြီးရင် အပေါ်သို့ တန်းတန်းမြှောက်ပါ။ (၃) စက္ကန့်လောက် ကြာပြီးသွားတဲ့အခါ လက်ပြန်ချပါ။
Bjmovhskjp5tlt1sjdpf 
မှောက်လျက်အနေအထားအတိုင်း နေပေးပြီး လက်နှစ်ဖက်ကို ဘေးဘက်သို့ တန်းနေအောင် ဆန့်ထားပါ။ ခြေထောက်နှစ်ချောင်းလုံးကို (၄၅) ဒီဂရီ အပေါ်သို့မြှောက်ပါ။မှောက်လျက် အနေအထားအတိုင်း ရင်ဘတ်ကို ကြွပါ။ ပြီးရင် လက်ကို ရှေ့သို့ ဆန့်ထုတ်ပါ။ (၃) စက္ကန့်လောက် ကြာတဲ့အခါ မူလအနေအထားအတိုင်း ထားပေးပါ။

0 comments:

ကျန်းမာရေး,

နှစ်ပတ်အတွင်း အသားဖြူလာအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ဘယ်လိုလုပ်မလဲ



နှစ်ပတ်အတွင်း အသားဖြူလာအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ဘယ်လိုလုပ်မလဲ

ပရိသတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် အသားအရည်ညိုသွားခဲ့လို့ ပြန်လည်ဖြူစင်စေချင်တယ်ဆိုရင်တော့ သဘာဝနည်းလမ်းကောင်းလေးတွေ

ရှိပါတယ်။ ပထမနည်းလမ်းလေးကတော့ ညိုနေတဲ့ လက်တွေနဲ့ ခြေတွေအတွက်ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးမှာ ဒိန်ချဉ်ကို အသုံးပြုပေးရပါမယ်။

သန့် စင်တဲ့ ဂွမ်းကို သုံးပြီး ဒိန်ချဉ်ကို အရေပြားပေါ်ကို လိမ်းပေးပါ ။၁၅ မိနစ်ကြာတဲ့အခါမှာ ရေခပ်နွေးနွေးနဲ့ ပြန်ဆေးပေးပါ။ ညစဉ် ပြုလုပ်ပေးရင်

ရက်အနည်းငယ်အတွင်းမှာ အသားအရေ သိသာစွာဖြူစင်လာစေပါတယ်။

ဒုတိယနည်းလမ်းလေးကတော့ မျက်နှာနဲ့ လည်ပင်းအတွက်ဖြစ်ပါတယ်။ နနွင်းလက်တစ်ဆိတ်စာကို လိမ္မော်ရည် ထမင်းစားဇွန်း ၂ ဇွန်းနဲ့ ရောပြီး

ခပ်ပျစ်ပျစ်ဖျော်ပေးပါ။ မအိပ်ခင် မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီး နာရီဝက်ကြာရင် ရေအေးအေးနဲ့ ပြန်လည်သန့် စင်ပါ။ ဒီနည်းလမ်းလေးကလည်း

သိသိသာသာဖြူလာစေတဲ့ နည်းဖြစ်ပါတယ်။ နနွင်းက အသားဖြူစေပြီး လိမ္မော်ရည်မှာပါတဲ့ ဗီတာမင်စီက ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့အတွက် အသားအရေကို တင်းရင်းစေပါတယ်။

ပရိသတ်ကြီးလည်း ဒီလွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေနဲ့ ညိုနေတဲ့အသားအရေကို ပြန်လည်ပြုပြင်နိုင်ပါတယ်နော်။

0 comments:

ဖက်ရှင်

ဒေါက်မြင့်ဖိနပ် စီးရတာ အဆင်ပြေမပြေကို ကြည့်ရုံဖြင့်သိနိုင်မည့်နည်းလမ်း



ဒေါက်မြင့်ဖိနပ်တစ်ရံ ဝယ်ရတာက တခါတလေ ထီထိုးရတာနဲ့ တူပါတယ်။ အထူးသဖြင့် ဒေါက်ဖိနပ်တွေကို အွန်လိုင်းကဝယ်တဲ့အခါ စီးရတာအဆင်ပြေပါ့မလားဆိုတာ စမ်းပြီးစီးကြည့်လို့ မရတာကြောင့် ဝယ်ပြီးမှ ခြေထောက်တွေကို ဆိုးဆိုးရွားရွားနာစေနိုင်မလား၊ ခြေဖနောင့်တွေပေါက်တာ၊ အကြောတွေနာတာတွေဖြစ်စေနိုင်မလားဆိုတာ မသိနိုင်ကြပါဘူး။ တချို့ရှုးအနိမ့်လေးတွေမို့လို့ သက်တောင့်သက်တာဖြစ်မယ်ထင်ပြီး ဝယ်လိုက်ပေမဲ့ စီးကြည့်တဲ့အခါကျမှ အဆိုးဆုံးဖြစ်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်လို့ ၂ စက္ကန့်လောက်အတွင်းမှာပဲ ဒေါက်မြင့်ဖိနပ်တစ်ရံကိုကြည့်ပြီး ခြေထောက်နဲ့အဆင်ပြေမပြေကို သိနိုင်တဲ့နည်းကို ပြောပြပေးပါမယ်။

ဒါကတော့ ဖိနပ်အတွင်းပိုင်းရဲ့ထိပ်ပိုင်းကနေ ခြေဖနောင့်နေရာကြားအကွာအဝေးကို ကြည့်ပြီးသိနိုင်တာပဲ ဖြစ်ပါတယ်။ အကွာအဝေးပိုရှည်လေ( ၃ စင်တီမီတာ သို့မဟုတ် ၃ စင်တီမီတာအထက်ရှိရင်) ဖိနပ်ကပိုပြီး သက်တောင့်သက်တာရှိလေပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုကြားအကွာဝေးက ဖိနပ်အတွင်းပိုင်းရဲ့ လျှောစောက်ကို သတ်မှတ်ပေးပါတယ်။ အကွာအဝေးပိုတိုလေ(၂.၅ စင်တီမီတာ သို့မဟုတ် ၂.၅ စင်တီမီတာအောက်ငယ်) လျှောက်စောက်ပိုနက်ပြီး ခြေချောင်းတွေဆီကို အလေးချိန်ပိုရောက်ကာ မသက်မသာဖြစ်စေမှာပဲဖြစ်ပါတယ်။



ဒါကြောင့် ဖိနပ်သစ်တစ်ရံဝယ်တော့မယ်ဆိုရင် ပေတံကြိုးတစ်ခုယူပြီး ဖိနပ်အတွင်းပိုင်းအကွာအဝေးကို တိုင်းကြည့်ပါ။ ဒါဆိုရင် ဒေါက်မြင့်ဖိနပ်က ခြေထောက်ကို သက်တောင့်သက်တာဖြစ်စေ၊ မဖြစ်စေနိုင်တာကို သိနိုင်မှာဖြစ်ပါတယ်။
သင်က အွန်လိုင်းကနေဝယ်တာဖြစ်မယ်ဆိုရင် ဒေါက်ဖိနပ်ကို တိုက်ရိုက်တိုင်းကြည့်လို့မရနိုင်ပေမဲ့ သင့်ရဲ့ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ဒီဖိနပ်ကိုတိုင်းပြီး အဲ့ဒီဆိုက်ထဲကပဲ တခြားဒေါက်မြင့်ဖိနပ်တွေနဲ့ ယှဉ်ကြည့်ပါ။ ဖိနပ်အတွင်းပိုင်းထိပ်ဖျားကနေ ခြေဖနောင့်အထိ အကွာအဝေးပိုရှည်တဲ့ ဒေါက်ဖိနပ်က ပိုပြီးသက်တောင့်သက်တာရှိတဲ့အတွက် ပိုတိုတဲ့ ဖိနပ်တွေကို မဝယ်သင့်ပါဘူး။

0 comments:

ဖက်ရှင်

အနက်ရောင်ဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်သင့်တဲ့ အကြောင်းပြချက် (၉) ခု



အရောင်တွေထဲမှာမှ လူတွေအများဆုံး ဝတ်ဆင်ကြတဲ့အရောင်ကို ပြပါဆိုရင် အနက်ရောင်ပဲမဟုတ်လား။ ပွဲလမ်းသဘင် အခမ်းအနားတွေ၊ ဖက်ရှင်ပြပွဲတွေကအစ အနက်ရောင်က လွှမ်းမိုးထားတယ်လေ။ အနက်ရောင်ကို ဘာကြောင့်ဝတ်ကြသလဲလို့မေးရင် ခံစားချက်ကအစ ကွာခြားလို့ပါပဲ။ အစွဲအလမ်းတွေကို ထည့်မတွက်ဘဲ ဒီအတိုင်းလေးပဲ ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ ဘာလို့ဝတ်သင့်တာလဲဆိုတော့...

၁။ အနက်ရောင်ဆိုတာ ဘာအရောင်နဲ့တွဲဝတ်ဝတ် လိုက်ဖက်ပါတယ်။ ခေါင်းမစားရတဲ့အရောင်ပေါ့။ ကိုယ်က ဖက်ရှင်အမြင်မရှိဘူးဆိုရင် အနက်ရောင်သာရွေးလိုက် ဘယ်မတော့မှ မမှားဘူး။

၂။ တော်ရုံတန်ရုံနဲ့လည်း အစွန်းအထင်းတွေ မပေါ်ဘူး။ အပေအရေခံတဲ့အရောင်ပါ။

၃။ ကိုယ်ခန္ဓာအလှကို ပိုပေါ်လွင်စေတယ်။ အထူးသဖြင့် ဝတဲ့လူတွေဝတ်ရင် ပိန်သလိုဖြစ်သွားတာက အနက်ရောင်ရဲ့ အားသာချက်ပဲ။

၎။ နောက်တစ်ချက်ကတော့ အနက်ရောင်ကိုဝတ်တဲ့အခါ ကလေးဆန်တဲ့အသွင် ပျောက်သွားတယ်။ ကလေးတွေကလည်း အနက်ရောင်ကို မကြိုက်ကြဘူးလေ။

၅။ Accessories တွေ လည်း ရွေးနေစရာမလိုဘူး။ ဘယ်လိုအရာမျိုးနဲ့မဆို ဝတ်လို့လိုက်နေပြန်ရော။

၆။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားက ဈေးကြီးလား၊ ဈေးပေါလားဆိုတာ တော်ရုံနဲ့ မှတ်ချက်ချဖို့ ခက်သွားတယ်။ အနက်ရောင်ရဲ့ စွမ်းအားပါပဲ။

၇။ အနက်ရောင်ဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့အရောင်လည်း ဖြစ်နေပြန်ပါတယ်။

၈။ ဖက်ရှင်နယ်ပယ်ကို အလွှမ်းမိုးဆုံးအရောင်လည်း ဟုတ်နေပြန်ရော။ ရှိုးပွဲတွေသွားရင် ဆယ်လီတွေ၊ ဒီဇိုင်တွေလည်း အနက်ကို အဝတ်များတာ တွေ့မှာပါ။

၉။ နောက်တစ်ချက်ကတော့ အနက်ရောင်ဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။ အနက်ရောင်ဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရလာတယ်လို့ လူတော်တော်များများက ပြောပါတယ်။

0 comments:

အစားအသောက်

ဆူရှီကြိုက်တယ်ဆို ဒီလိုမျိုး အစီအစဉ်လေးနဲ့စား

ဆူရှီကြိုက်တဲ့လူဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ အာဟာရလည်းရှိ လတ်လတ်ဆတ်ဆတ်လည်းစားရတဲ့ ဆူရှီရဲ့အရသာဟာ အရမ်းကိုခံတွင်းတွေ့စရာပဲလေ။ ဆူရှီစားတဲ့အခါကျရင် သူ့အစီအစဉ်လေးနဲ့ တစ်မျိုးပြီးတစ်မျိုး စားသွားတာက ပိုပြီးအရသာရှိတယ်ဆိုတာရော သိပါသလား။

ဆူရှီဆိုတာမျိုးကလေ ဆော့စ်ထဲကို နှစ်ပြီးတို့စားတဲ့အခါ ငါးကိုပဲဆော့စ်နဲ့တို့ရတာပါ။ ထမင်းရှိတဲ့ဘက်ကို ဆော့စ်နဲ့တို့ရင် အရသာသိပ်မကောင်းပါဘူး။ ပြီးတော့ တွေ့ရာဆူရှီပွဲတွေကို နှိုက်စားလိုက်တာထက် တစ်မျိုးပြီးတစ်မျိုး အစီအစဉ်တိုင်း စားမယ်ဆို ပိုအရသာရှိပါတယ်။ ဆူရှီစားမယ်ဆိုရင် အဓိကအချက်က အရသာပေါ့တာတွေကို အရင်စားပြီး အရသာပြင်းတာတွေကို နောက်မှစားရတာပါ။ ဒီလိုဆိုဆိုရင် အရသာက ပိုပေါ်လွင်ပြီး ပိုစားကောင်းတယ်လို့ ခံစားရလိမ့်မယ်။



ပထမဆုံး စားသင့်တာက အဖြူရောင်ငါး၊ ငွေဖြူရောင်ငါး၊ အနီရောင်ငါးဆူရှီတို့ကို အရင်စားပါ။ သူတို့ရဲ့အရသာက ခပ်ပေါ့ပေါ့ရှိပါတယ်။ နောက်တော့မှ ပိုပြီးအရသာကဲတဲ့ ဆူရှီတွေကို ဆက်ဆွဲမယ်။ ဘာတွေလဲဆိုတော့ ဆယ်လ်မွန်နဲ့လုပ်ထားတဲ့ ဆူရှီတွေပေါ့။ အဆုံးသတ်ပိုင်းမှာ စားဖို့က အဆီများတဲ့ငါးတွေကိုစားရမယ်။



ပြီးရင် အစာပိတ်အနေနဲ့ ကြက်ဥကြော်နဲ့လုပ်ထားတဲ့ ဆူရှီ (Tamago)ကို ဆက်စားမယ်။ ဗိုက်မပြည့်သေးရင်တော့ ဂဏန်းချောင်းလေးတွေ၊ တူနာလေးတွေကိုလည်း ထပ်ပြီးမှာစားတာပေါ့။ ဆူရှီကို အရသာရှိရှိ အမုန်းဆွဲနိုင်ကြပါစေ။

0 comments:

ကျန်းမာရေး

ရေကူးပြီးတိုင်း မျက်စိနီတာ ကလိုရင်းကြောင့်မဟုတ်၊ ရှုရှုးကြောင့်



ရေကူးကန်မှာ ရေကူးပြီးတိုင်း အပေါ်ကိုပြန်တက်လာရင် မျက်စိနီနေတာမျိုး မကြာခဏကြုံရလေ့ရှိတယ်။ ရေကူးမျက်မှန်ကိုတပ်ပြီး ကူးသင့်တာပေါ့။ မျက်မှန်မပါဘဲ ရေကူးပြီးရင် မျက်စိက အမြဲတမ်းလိုလို နီနေတယ်။ ရေကူးကန်ထဲမှာ ပိုးသတ်ဆေးအဖြစ်ခပ်ထားတဲ့ ကလိုရင်းကြောင့် မျက်စိနီရတယ်လို့ ထင်မိရင် မှားသွားပါလိမ့်မယ်။ တရားခံအစစ်က ကလိုရင်းမဟုတ်ပါဘူး။ ရေကူးကန်ထဲမှာ ပေါက်သွားတဲ့ ရှုရှုး (ဆီး)ကြောင့်သာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။


အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC)ရဲ့ ပညာရှင်တွေက ရေကူးကန်မှာရေကူးပြီးတိုင်း မျက်စိနီခြင်းဟာ ရေကူးကန်ထဲမှာရှိနေတဲ့ ဆီးနဲ့ ချွေးတွေဟာ ကလိုရင်းနဲ့ထိတွေ့ရာကနေ မျက်စိကို နီရဲကျိန်းစပ်စေတာ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ ကလိုရင်းတစ်မျိုးတည်းကြောင့် မျက်စိနီတာမဟုတ်ဘဲ ဆီးနဲ့ချွေးတို့နဲ့ ပေါင်းစပ်သွားလို့သာ ဖြစ်ရတာပါ။ အထူးသဖြင့် လေထုသန့်စင်မှုအားနည်းတဲ့ မိုးလုံလေလုံ ရေကူးကန်တွေမှာဆို မျက်စိနီတာ ပိုပြီးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ကလိုရင်း၊ ချွေး၊ ဆီးတို့ ပေါင်းစပ်မှုဟာ လေထုသန့်စင်မှုအားနည်းတဲ့အခါ ပိုဆိုးသွားလို့ပါပဲ။



ရေကူးကန်တစ်ခုဟာ ကလိုရင်းနံ့ခပ်ပြင်းပြင်းရနေတာကို ရေတွေသန့်နေတယ်လို့ ယူဆလို့မရပါဘူး။ ရေထဲက ဘက်တီးရီးယားတွေကြောင့်သာ အနံ့ကပြင်းလာရတာပါ။ ကလိုရင်းနံ့ပြင်းနေရင် ကျန်းမာရေးအတွက် သင့်လျော်တဲ့ရေကူးကန်မဟုတ်ပါဘူး။ လေထုသန့်စင်မှုကောင်းတဲ့ ရေကူးကန်တွေမှာ ကူးတာက အကောင်းဆုံးဖြစ်ပါတယ်။

0 comments: